Friday, July 27, 2012

Balance Sheet

စာရင်း ဇယားကို ပတ်သက်ရသူတိုင်း Balance Sheet ကိုသိမှာပါ။

Balance Sheet ကို ကြည့်တာနဲ့ ကိုယ့်လုပ်ငန်းအခြေအနေ ကိုသိနိုင်တယ်လေ။

ကိုတာ ရဲ့ တောင်ရောက်မြောက်ရောက်ဆရာဝန် စာအုပ်ထွက်တုန်းက

တချိန်မှာတော့ ကျွန်မနဲ့ Balance Sheet များဆိုပြီး စာတိုကလေးရေးဘို့

စိတ်ကူးခဲ့ဘူးပါတယ်။

စီးပွားရေးတက္ကသိုလ် ပထမနှစ်ကတည်းက Balance Sheet နှစ်ဖက်ညီဘို့

ကျိုးစားလိုက်ရတာ ခုချိန်အထိပေါ့။

ခေတ်တွေပြောင်းလာလို့ accounting software တွေ သုံးလာတာမို့

Balance ညီဘို့မကျိုးစားရတော့ပေမဲ့ ပုံစံမှန်အောင် ချပေးဘို့ လိုလာပြန်ပါတယ်။

အဲ့ဒီလိုနဲ့ Balance Sheet ဆိုတဲ့ စကားလုံးနဲ့ နေ့တိုင်းတွေ့နေရတာပါ။

ဘ၀ထဲမှာလဲ ညီမျှဘို့ တဖက်စောင်းနင်းမဖြစ်ဘို့

လိုတိုးပိုလျော့ လုပ်နေရတာပါ။

အစားအစာကို အချိန်ပေးအရသာခံပြီး မစားနိုင်တာကြာလာရင်

သူငယ်ချင်းတစ်ယောက်ပြောတာကို အမြဲသတိရတယ်။

စားဘို့အချိန်ရှိတုန်း ငယ်တုန်းက စားဘို့ ပိုတ်ဆံမရှိဘူးတဲ့

စားဘို့ ငွေရှိလာတော့ စားဘို့ အချိန်မရှိတော့ပြန်ဘူးတဲ့။

အချိန်၊ ငွေ၊ ဘ၀ အားလုံးမျှဘို့ ဘယ်လိုလုပ်ရပါ့။

ငွေ အတွက် အချိန်တွေပေးနေရတယ်။ ဘ၀ကို ငွေက တိုက်စားနေတယ်။

ငွေဆိုတာ မက်မောစရာပေမဲ့ ဘ၀အတွက် ဘ၀ကို လိုချင်တယ်

အေးအေးလူလူလေး နေရမဲ့အချိန်လိုချင်တယ်။

ဒါကြောင့် စာရင်းကိုင်လေးခမျာ ခုလောလောဆယ်မှာတော့

ငွေနဲ့ ဘ၀ အချိန်ကို Balance Sheet ဆွဲနိုင်ဘို့

ကိုယ့်စိတ်နဲ့ကိုယ် ရန်ဖြစ်နေမိတယ်။