Sunday, December 29, 2013

ကံ့ကော်သူ (၂)

29.12.2013 ညနေဘက် စီးပွားရေးတက္ကသိုလ် 49 နှစ်မြောက်ပွဲကို မသွားခင် ကံ့ကော်ဆောင် ကို သွားခဲ့တယ်။

ကံ့ကော်ဆောင်ရှေ့က မကြာခဏဖြတ်ခဲ့ပေမဲ့ အဆောင်ထဲကို မ၀င်ဖြစ်ပါဘူး။

ဒီညနေမှာတော့ ခပ်တည်တည်နဲ့ လွန်ခဲ့တဲ့နှစ် (30) က စတိုင်နဲ့ ခပ်တည်တည် ၀င်သွားလိုက်တယ်။

ပါလာခန်းထဲမှာ ကျောင်းသူလေးတွေ TV ကလာတဲ့ အကယ်ဒမီပေးပွဲကိုကြည့်နေတယ်

တစိမ်းတစ်ယောက် ၀င်လာပေမဲ့ ခပ်အေးအေးဘဲ မိတ်ဟောင်းဆွေဟောင်းလို မျက်နှာလေးတွေနဲ့
ကြည့်ကြတယ်။

မမ လို့တော့ ကိုယ့်ကိုယ်မသုံးတော့ပါဘူး

အန်တီက လွန်ခဲ့တဲ့နှစ် (30) 1983 ခုနှစ်မှာ ဒီအဆောင်မှာ စနေခဲ့ဘူးတာမို့ အမှတ်တရ ဒီနေ့
လာကြည့်တာပါလို့ မိတ်ဆက်တော့

ဒီနှစ်မှ အဆောင်တွေ ပြန်ထားတာ လူ(၁၀၀) ခေါ်ထားပေမဲ့ (၅၀) လောက်ဘဲရောက်သေးတယ်နဲ့

အားလုံး တစ်ယောက်တစ်ပေါက် ၀ိုင်းပြောလိုက်ကြတာ ..............ဟိုးအရင်ကတည်းက
သိတဲ့လူတွေအတိုင်းပါဘဲ.........

ဒါက ကံ့ကော်သူ မျိုးဆက်သစ်တွေပေါ့
 

ကံ့ကော်သူ (၁)

ကံ့ကော်ဆောင် အမှတ်တရ dinner ကို စိမ်းလန်းစိုပြေမှာ 28.12.2013 ညဘက်မှာ လုပ်ကြတယ်။

အသက်ပြန်ငယ်သွားတဲ့ ခံစားမှုမျိုးမရပေမဲ့ အော် တို့ တက္ကသိုလ်အဆောင်မှာ ပျော်ခဲ့တယ်လို့

စိတ်ထဲ ပြန်အမှတ်ရလာတယ်။

ကံ့ကော်အမှတ်တရ ပြောကြတော့ ငါရောဘာတွေ အမှတ်ရတုန်းလို့ ပြန်စဉ်းစားလိုက်တော့

တောကနေ မြို့တက်လာခါစ အဆောင်မှာ ဟောကျူတာတွေ အဆောင်မှူးတွေကို မမ ခေါ်ရတယ်လို့

အရင်ရောက်တဲ့လူတွေက သင်ပေးတော့ အင်းးးးးးးးး တော်တော်လေး နှုတ်ခက်နေတယ်။

မမ တွေနဲ့ နှစ်ယောက်တည်း လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင် မမ လို့ခေါ်ပြီးနှုတ်ဆက်ရမှာ မရဲလို့

သူတို့နဲ့ အဆောင်ကူးလမ်းကြားမှာ မတွေ့အောင် ရှောင်ရတဲ့ဒုက္ခ..........

ဒါပေမဲ့ နှစ်ပေါင်းများစွာ လူ့လောကအလယ်မှာ ကျင်လည်ခဲ့ပြီး

ကိုယ့်ထက်အသက်ရော ပညာရော မြင့်တဲ့ မမ တွေကို မမ ခေါ်ရမှာ ရှက်တတ်တဲ့သူတစ်ယောက်က

ကိုယ့်ထက် အသက်ရော ပညာပါ မသာတဲ့ လူတွေကို အစ်မလို့ခေါ်ပြီး

အလုပ်သဘောအရ ဆက်ဆံပြောဆိုလာရတဲ့အခါမှာတော့............


နောက်ထပ်အမှတ်တရ တခုကတော့..........

အဆောင်ကို ပထမနှစ်ရောက်ခါစ ဒီလိုဆောင်းတွင်းကြီးဘဲပေါ့

အုန်းတောဆောင်နဲ့ ကံ့ကော်ဆောင် မောင်နှမဆောင်မို့

အုန်းတောမှာ ညစာစားပွဲပေါင်းလုပ်ကြတယ်။

မိန်းခလေးယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရပြီး

Dinner ညမှာကျွေးတဲ့ ဒံပေါက်ကို မစားရဲလို့ မစားဘဲ ပြန်ခဲ့တာ မမေ့ဘူး

ခုများတော့...............

ညဘက်ကံ့ကော်ဆောင် ပြန်ရောက်ပြီး အိပ်ယာထဲ လျှောက်တွေးနေတုန်း

အဆောင်ရှေ့မှာ လာအော်ကြတာ

ကိုယ့်နံမည်လဲ အော်သံကြားရော စိတ်ထဲက ထိတ်ကနဲဖြစ်သွားတာ

ခဏနေမှ ပေါင်ကြားထဲ လက်ထည့်အိပ်နေပြီလား လို့ ဆက်အော်သံကြားလိုက်မှ

အော် ငါအဲ့လိုအိပ်တာ သူတို့တွေ ဘယ်လိုများသိသွားပါလိမ့်လို့

အူကြောင်ကြောင်တွေးဖြစ်တယ်

ချမ်းတဲ့ညတွေပေါင်ကြားထဲ လက်ထည့်အိပ်နေရာကနေ နိုးလာတိုင်း

အဲ့ဒီညကလေးကို သတိရမိတယ်။

လွမ်းစရာလေးတွေပေါ့

Thursday, December 12, 2013

၂၀၁၄ အတွေး

စိတ်ရောလူပါ အနားမရတာ ဘယ်လောက်ကြာနေမှန်းတောင် မသိတော့ဘူး။
ဒီနေ့ ဘယ်တော့မှ ပြီးမှာမဟုတ်တဲ့ အလုပ်တွေကို ဘေးဖယ်ထားပြီး
စိတ်အနားပေးထားလိုက်တယ်
တော်တော်လေးနေလို့ကောင်းတယ်
ပညာရှာလိုက်
အလုပ်ရှာလိုက်
ပိုတ်ဆံရှာလိုက်
လူဝင်ဆန့်အောင် အချိန်ပေးလိုက်နဲ့
အသက်က ၅၀ နားရောက်နေပြီ
ကဲ အခုကစပြီး ဘာမှ အထူးတလည်မရှာတော့ဘူး
ရှာထားတာလေးတွေကို အရင်းတည်ပြီး
ထိုင်နေလိုက်တော့မယ်
ကောင်းတဲ့ပြောင်းလဲခြင်းအတွက် အချိန်နှောင်းတယ်ဆိုတာ မရှိပါဘူး
ပြောင်းလဲခြင်းများနဲ့ ၂၀၁၄ ကို ကြိုနေဆိုနေပါတယ်။