Wednesday, September 30, 2015

ခံယူချက်များ ကွာခြားခြင်း

တခါတလေ စိတ်အလွန်ရှည်သော်လည်း
တခါတလေမှာတော လုံးဝ ကို သည်းမခံနိုင်တော့ပါ။
ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆင်ခြင် နှလုံးသွင်းနိုင်သော်လည်း
မဖြစ်သင့်သည်များကို ခွင့်လွှတ်နားလည်မှုပေးရန် အလွန်ခက်ခဲပါသည်။
လိုအပ်ချက်များနှင့် အားနည်းချက်များကို လက်ခံနိုင်သော်လည်း
အလေးအနက်မထားဘဲ ပေါ့ဆခြင်းများကို လက်မခံနိုင်တော့ပါ။
အရာရာမှုန်ဝါးသွားသည်အထိ မြင်ကွင်းအပြင်သို့ ထုတ်ပစ်လိုက်ချင်ပါသည်။
အခြားသူများကို မလေးစားတာထက် မိမိကိုယ်ကိုယ် မလေးစားရာရောက်သည့်အပြုအမူမျိုးကို ကိုယ်တိုင်ပြုလုပ်နေကြတာမြင်ရတာလောက် စိတ်ပင်ပမ်းတာမရှိပါ။
တအိအိပြိုကျနေသော လူ့အဖွဲ့အစည်းကို မြင်ပြီး.......................




Wednesday, May 20, 2015

Number 48

(48) နှစ်ပြည့်ပြီတဲ့။
အတိတ် ကို သင်ခန်းစာ
လက်ရှိ ခဏကို စိတ်ကောင်းထား
အနာဂတ် ကို အကောင်းမြင် နိုင်အောင်
ကြိုးစားသွားမယ်။
အတိတ်မှာ မှားခဲ့တာတွေ အများကြီးမို့
သင်ခန်းစာတွေ တပုံကြီး
လက်ရှိမှာ စိတ်မထားတတ်လို့
စိတ်ပုတ်တာတွေ အများကြီး
အနာဂတ်ကို အကောင်းမြင်ချင်ပေမဲ့
မကောင်းမှာတွေကို သိနေတာလဲ
တပုံကြီးမို့

သတိနဲ့ဘဲ အသက်ရှု သွားမယ်။