Monday, August 20, 2012

တသက်တာမှတ်တမ်း

ဆရာကြီးရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်း ဖတ်ခဲ့တာကိုပြန်သတိရမိတယ်။

ဆူးတွေတချောင်းပြီးတချောင်း ထွက်လာတဲ့ အဖြစ်တွေကိုလေ

ဖြူးကောင် တွေက ငြိမ်နေချိန်မှာတော့ ဆူးတောင်တွေက ဘေးကို ကျနေတာ

တစ်စုံတခု အန္တရယ်အနံရပြီဆိုတာနဲ့ ချက်ချင်း ဘေးကို ကားထွက်သွားတာကို

မြင်ယောင်နေမိတယ်။

ပတ်ဝန်းကျင်က ဆူးလေးတွေ ပေါက်လာအောင် စေ့ဆော်ပေးခဲ့တယ်။

ဆရာကြီးကို ရည်းစားထားတဲ့အတွက် အ၀တ်အစားချွတ်ပြီးအိမ်ရှေ့မှာ ထားရိုက်ခံရတာကို

သူကပြန်ရေးပြခဲ့တယ်။

လူကြီးတွေက နင်ကလေးဘဲ ရှိသေးတယ် ရည်းစားထားချင်အုန်းဟဲ့ဆိုပြီး

ဂရုဏာဒေါသတွေနဲ့ လုပ်ခဲ့တာပေမဲ့ အဲဒါက ဆူးတစ်ချောင်းပေါက်လာစေတယ်လို့

ဆရာကြီးက ရေးခဲ့တယ်။

ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ မိဘနဲ့သားသမီး၊ ညီအကိုမောင်နှမချင်း

နားလည်မှုလွဲမှားနေတာတွေကို ခံစားနေကြရတယ်။

အဲဒီအတွက်လည်း ဘာလုပ်ရမှန်းမသိ နှစ်ဖက်စလုံးကိုလဲ အပစ်မတင်ချင်တော့

ကိုယ်တိုင်ကတော့ ဥပေက္ခာ ထားရမယ်။

လုပ်နိုင်တာလုပ်ပေးပြီးရင် မနိုင်တာကို လွှတ်ချထားလိုက်မယ်လို့

တစ်ယောက်တည်း ဆုံးဖြတ်နေခဲ့တယ်။

အချိန်ရတဲ့တနေ့မှာတော့ ကိုယ်တိုင်ဆူးတွေ တချောင်းပြီးတစ်ချောင်းပေါက်ခဲ့ရတဲ့အဖြစ်တွေကို

မှတ်တမ်းတင်ဦးမယ်။

ခုလောလောဆယ်မှာတော့ ဆူးတောင်တွေ အသာချပြီး

ဘ၀အတွက် ........................... ငွေရှာလိုက်ဦးမယ်။

2 comments:

  1. ဆူးတောင်တွေ ပေါက်ခဲ့တဲ့ အကြောင်း ဖတ်ချင်ပါတယ်။
    ခုလောလောဆယ် ငွေ အရင်ရှာတာကို စောင့်လိုက်ပါဦးမယ်း)


    နောင့်

    ReplyDelete
  2. လုပ်နိုင်တာလုပ်ပေးပြီးရင် မနိုင်တာကို လွှတ်ချထားလိုက်မယ်လို့
    Me too. It can get "Peace of Mind"!

    ReplyDelete