Facebook မှာတွေ့လိုက်တာလေး သဘောကျလို့ပါ။
I want happiness.
စစ်မှန်တဲ့ ပျော်ရွှင်မှုကိုရဘို့
ပထမ I အတ္တ ကို ဖြုတ်လိုက်ပါတဲ့။
ဒုတိယ want လိုအင်ဆန္ဒတွေကို ပယ်လိုက်ပါတဲ့။
အဲဒီတော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရရှိသွားမယ်တဲ့။
ငါတွေကို အရင်ဖြုတ်
လိုချင်တာတွေ ဖယ်ထားပြီး
ဘ၀ကို စစ်မှန်စွာနေထိုင်ချင်ပါတယ်။
ခပ်ကြောင်ကြောင် လူတစ်ယောက်ပေါ့။
Wednesday, October 31, 2012
Thursday, October 4, 2012
ပညာ ခေတ်
နိုင်ငံမတည်ငြိမ်တဲ့အချိန်မှာ လက်နက်ရှိသူတွေ နဲ့ အာဏာရှိသူတွေက ရှေ့တန်းရောက်ပေမဲ့
တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတခုမှာတော့ ဥာဏ်ပညာရှိသူက ရှေ့တန်းကို ရောက်လာပါလိမ့်မယ်။
ပြီးခဲ့တဲ့ အပတ် Sunday ညနေခင်းမှာ တစ်ယောက်တည်း တက္ကသိုလ်ရိပ်သာလမ်းဘက်နေ
အဓိပတိလမ်း အတိုင်း လမ်းလျှောက်ဝင်သွားခဲ့တယ်။
1991ခုနှစ် ဘွှဲ့ယူပြီးနောက်ပိုင်း ပြန်လျှောက်ဖြစ်တာ ပထမဦးဆုံးအကြိမ်ပါဘဲ။
21နှစ်တောင် ကြာခဲ့ပေမဲ့ အရာအားလုံးက သိပ်မဝေးတဲ့တနေ့ကလိုပါဘဲ။
တစ်ယောက်တည်း ဖြည်းဖြည်းချင်း လျှောက်ဝင်သွားခဲ့တယ်။
1987 မတိုင်ခင်က အရမ်းကို အသက်ဝင်ခဲ့ပါတယ်ဆိုတာ မယုံချင်စရာပါ။
RC ထဲက ဆိုင်ခန်းတွေထဲလဲ ၀င်ကြည့်လိုက်သေးတယ်။
ကျွန်မတို့ကျောင်းနေတုန်းကတော့ RC သာစကားပြောတတ်ရင် ကိုယ်ဘယ်လိုစောင့်တာ သူအသိဆုံး
ဆိုပြီး ကိုင်ဇာ ဆိုခဲ့သေးတယ်လေ။
အေးချမ်းလုံခြုံခဲ့ကြတယ်။
အားကစား အမျိုးမျိုးလုပ်ကြတယ်။
အနုပညာအသင်းတွေလုပ်ကြတယ်။
စာအုပ်တွေ ထုတ်ကြတယ်။
ညဘက်အဆောင်ရှေ့ သီချင်းဆိုကြတယ်။
အိမ်က မိဘတွေက ကျောင်းသွားထားတယ်ဆိုပြီး စိတ်အေးရတယ်။
အများဆုံး စကော့ဈေးနဲ့ ရုပ်ရှင်ကြည့်တာလောက်ဘဲ ရှိခဲ့ကြတယ်။
အခုတော............. အနာဂတ် လူငယ်တွေကို မျက်ကွယ်ပို့ပြီး
အတတ်မျိုးစုံသင်ယူချင်စရာ ပတ်ဝန်းကျင်သစ်ကြီးကို ဖန်တီးပေးလိုက်တယ်။
ဖဲရိုက်ကြတယ်။
အရက်သောက်ကြတယ်။
ဆေးသုံးကြတယ်။
သုံးနှစ်သုံးမိုး ပုဝါတကမ်း လက်တလှမ်းတွေ မဟုတ်တော့ဘူး။
တိုးတက်လာတာလား
ဆုတ်ယုတ်သွားတာလားဆိုတာကို မတိုင်းတာ ချင်တော့ဘူး။
ကျွန်မ အဆောင်နေတုန်းက အဆောင်မှူး ၊ ဟောကျုတာ တွေကို အားကျခဲ့တယ်။
သူတို့လို စာတွေဖတ်ပြီး ကျောင်းဆောင်မှာနေ (အိမ်မှမနေချင်တာလဲပါတယ်)
ဘ၀ကို အေးအေးချမ်းချမ်းလေး ဖြတ်သန်းချင်တယ်။
ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဘွဲ့တခုနဲ့တင် ရပ်ပြီး ကျောင်းနဲ့ ဝေးခဲ့ရတယ်။
အလုပ်ရှာတယ် ငွေရှာတယ် ပညာတော့ မရှာဖြစ်တော့ဘူး ( Certificate )
အလုပ်အတွက်တော့ ဖတ်ရတာပေါ့။
ဒါပေမဲ့ ခေတ်ကြီးက လူထက် Certificate က ပိုအရေးပါလာတယ်။
လစာမှာ Certificate ဘိုးတွေ ထည့်ပေါင်းပေးတဲ့ ခေတ်ကို ရောက်တော့မယ်။
အဲ့ဒီတော့ (25)နှစ်လုံး ဝေးကွာခဲ့တဲ့ International Certificate တခုခုရဘို့အတွက်
....................... တပတ်ပြန်ကျိုးစားကြည့်ဦးမယ်။
အရွယ်လွန် အိမ်မက်တွေပေါ့။

Subscribe to:
Posts (Atom)