Sunday, December 29, 2013

ကံ့ကော်သူ (၁)

ကံ့ကော်ဆောင် အမှတ်တရ dinner ကို စိမ်းလန်းစိုပြေမှာ 28.12.2013 ညဘက်မှာ လုပ်ကြတယ်။

အသက်ပြန်ငယ်သွားတဲ့ ခံစားမှုမျိုးမရပေမဲ့ အော် တို့ တက္ကသိုလ်အဆောင်မှာ ပျော်ခဲ့တယ်လို့

စိတ်ထဲ ပြန်အမှတ်ရလာတယ်။

ကံ့ကော်အမှတ်တရ ပြောကြတော့ ငါရောဘာတွေ အမှတ်ရတုန်းလို့ ပြန်စဉ်းစားလိုက်တော့

တောကနေ မြို့တက်လာခါစ အဆောင်မှာ ဟောကျူတာတွေ အဆောင်မှူးတွေကို မမ ခေါ်ရတယ်လို့

အရင်ရောက်တဲ့လူတွေက သင်ပေးတော့ အင်းးးးးးးးး တော်တော်လေး နှုတ်ခက်နေတယ်။

မမ တွေနဲ့ နှစ်ယောက်တည်း လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင် မမ လို့ခေါ်ပြီးနှုတ်ဆက်ရမှာ မရဲလို့

သူတို့နဲ့ အဆောင်ကူးလမ်းကြားမှာ မတွေ့အောင် ရှောင်ရတဲ့ဒုက္ခ..........

ဒါပေမဲ့ နှစ်ပေါင်းများစွာ လူ့လောကအလယ်မှာ ကျင်လည်ခဲ့ပြီး

ကိုယ့်ထက်အသက်ရော ပညာရော မြင့်တဲ့ မမ တွေကို မမ ခေါ်ရမှာ ရှက်တတ်တဲ့သူတစ်ယောက်က

ကိုယ့်ထက် အသက်ရော ပညာပါ မသာတဲ့ လူတွေကို အစ်မလို့ခေါ်ပြီး

အလုပ်သဘောအရ ဆက်ဆံပြောဆိုလာရတဲ့အခါမှာတော့............


နောက်ထပ်အမှတ်တရ တခုကတော့..........

အဆောင်ကို ပထမနှစ်ရောက်ခါစ ဒီလိုဆောင်းတွင်းကြီးဘဲပေါ့

အုန်းတောဆောင်နဲ့ ကံ့ကော်ဆောင် မောင်နှမဆောင်မို့

အုန်းတောမှာ ညစာစားပွဲပေါင်းလုပ်ကြတယ်။

မိန်းခလေးယောက်ကျာင်္းလေး တစ်ယောက်ခြားထိုင်ရပြီး

Dinner ညမှာကျွေးတဲ့ ဒံပေါက်ကို မစားရဲလို့ မစားဘဲ ပြန်ခဲ့တာ မမေ့ဘူး

ခုများတော့...............

ညဘက်ကံ့ကော်ဆောင် ပြန်ရောက်ပြီး အိပ်ယာထဲ လျှောက်တွေးနေတုန်း

အဆောင်ရှေ့မှာ လာအော်ကြတာ

ကိုယ့်နံမည်လဲ အော်သံကြားရော စိတ်ထဲက ထိတ်ကနဲဖြစ်သွားတာ

ခဏနေမှ ပေါင်ကြားထဲ လက်ထည့်အိပ်နေပြီလား လို့ ဆက်အော်သံကြားလိုက်မှ

အော် ငါအဲ့လိုအိပ်တာ သူတို့တွေ ဘယ်လိုများသိသွားပါလိမ့်လို့

အူကြောင်ကြောင်တွေးဖြစ်တယ်

ချမ်းတဲ့ညတွေပေါင်ကြားထဲ လက်ထည့်အိပ်နေရာကနေ နိုးလာတိုင်း

အဲ့ဒီညကလေးကို သတိရမိတယ်။

လွမ်းစရာလေးတွေပေါ့

No comments:

Post a Comment