Wednesday, June 25, 2014

မိသားစု

မိတ်ဆွေဆိုတာ ကိုယ်ရွေးချယ်ထားတဲ့ မိသားစုတွေပါ။

ကျွန်မနဲ့ခင်မင်တဲ့ အသက် (၇၀) အမေရိကန် အမျိုးသမီးတစ်ယောက်က ပြောခဲ့တယ်။

ကျွန်မကတော့ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်း ကို ဘယ်တုန်းကမှ ရော မပစ်ခဲ့ဘူး။

နီနီခင်ဇော် ရဲ့ အင်တာဗျူးးတစ်ခုမှာ သူက Single Mother နဲ့ ကြီးပြင်းခဲ့ရတာမို့
သူ့အတွေးတွေက တမျိုးဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဆိုသွားတယ်။

သူက Single Mother နဲ့ ကြီးပြင်းခဲ့ရတာဆိုရင်
ကျွန်မကတော့ Double Father and Double Mother ဆိုပြီး
Big Organization ထဲမှာ
လူဖြစ်လာရတယ်လို့ ၀င့်ကြွားသင့်တယ်။

ကျွန်မ အမေက ဒုတိယအိမ်ထောင် ထပ်ယူသလို
ကျွန်မ အဖေကလည်း ပထမအိမ်ထောင်ရှိခဲ့တယ်တဲ့
နည်းနည်းများ ရှုပ်ထွေးသွားမလားမသိဘူး။

ပတ်ဝန်းကျင်ရဲ့လေပြင်းတွေထဲမှာ
ကျွန်မအလှည့်မှာတော့ ဒီလို ဘယ်တော့မှ မဖြစ်စေရဘူးဆိုတဲ့
မာန်ကလေးနဲ့ အကုန်လုံးကို တင်းခံကျော်ဖြတ်ခဲ့တာပါ။

တခါတလေ အရက်မူးလွန်တဲ့ချိန် ငိုတာကလွဲရင်ပေါ့။






No comments:

Post a Comment