Wednesday, March 6, 2013

8.3.2013 International Women Day

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့..............တဲ့

ကမ္ဘာကြီးနဲ့ ကင်းကွာပြီး ကြီးပြင်းလာရတဲ့ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့

အဲဒီနေ့နဲ့ခပ်စိမ်းစိမ်းပေါ့

သိပ်မကြာသေးခင်နှစ်တွေတုန်းက

3rd July ကို မြန်မာအမျိုးသမီးများနေ့လို့

ဘာရည်ရွယ်မှန်းမသိဘဲ အစိုးရက သတ်မှတ်လိုက်တယ်။

ကျွန်မတို့ သူပုန်အုပ်စုကတော့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အမျိုးသမီးဂုဏ်ဆောင်မို့

သူ့မွေးနေ့ 19th June ကို မြန်မာအမျိုးသမီးများနေ့လို့ သတ်မှတ်တာကို လက်ခံထားပါတယ်။

သူလို ထက်မြက်ပြီး အများအကျိုးဆောင်ရွက်နေတဲ့ စံပြခေါင်းဆောင်တစ်ယောက်ရဲ့မွေးနေ့မျိုးသာဖြစ်သင့်တယ်မို့လား။

မနေ့ညက နေပြည်တော်ကိုသွားကြမဲ့ International Women Day အတွက်ရောက်နေတဲ့
 နိုင်ငံခြားသားအမျိုးသမီးတွေကိုတွေ့တော့ ကျွန်မကိုမေးတယ်

အဲဒီနေ့ကို သိလားတဲ့

ကျွန်မသိတာတော့ ကျင်းပတာ 2နှစ်လောက်ဘဲ ရှိဦးမယ် ထင်တယ်လို့

ငါတို့ မြန်မာအမျိုးသမီးများနေ့ကတော့ ဒေါ်စုမွေးနေ့ဘဲ လို့

ခပ်တည်တည်ပြောလိုက်တယ်။

အဲဒါ အတည်ဖြစ်ပြီးလားတဲ့

ငါတို့အိမ်မက်ပါလို့

ပြန်ပြောမိတယ်။

အိမ်မက်တွေ လက်တွေ့ဖြစ်လာဘို့ လိုပါတယ်။

သူတို့အဖွဲ့တွေနဲ့ ကမ်းနားလမ်းအတိုင်း လမ်းလျှောက်လာတော့

မနေ့က သစ်ပင်အကြီးကြီးတစ်ပင်ကို ခုတ်နေတယ်တဲ့

နောက်နေ့မှာ အသေးလေးတွေကို ပြန်စိုက်တယ်တဲ့

ဘာကြောင့်လဲတဲ့

ကျွန်မလဲ ဘာပြန်ပြောရမှန်းမသိတာနဲ့

poor management လို့ ခပ်တိုတိုပြန်ဖြေလိုက်ပါတယ်။

မြန်မာပြည်က Gas ထွက်ပေမဲ့ ရောင်းတဲ့ဈေးက USA ထက်ကြီးနေတာဘာကြောင့်လဲတဲ့

poor technology

ကိုယ်ထွက်တဲ့ကုန်ကြမ်းကို ရတဲ့ဈေးနဲ့ထိုးရောင်းပြီး

အသုံးလိုတဲ့ ကုန်ချောကို ဈေးကြီးကြီးနဲ့ပြန်ဝယ်နေရတဲ့ ဘ၀တွေပေါ့။

ပြီးခဲ့တဲ့အပတ် Sunday ကကျွန်မဧည်သည့် ကို ရွှေတိဂုံသွားပို့တော့

ယက္ခမယ်တော်နားမှာ ကျောင်းသားအရွယ်တွေ အများကြီးကိုတွေ့တော့

ဘာလုပ်နေတာလဲ မေးတယ်

10တန်းစာမေးပွဲအတွက် လာဆုတောင်းကြတာလို့ အမှန်အတိုင်းဘဲ ဖြေလိုက်ပါတယ်။

သူကတော့ ညှာညှာတာလေး အဲ့ဒီနေ့ကပြန်ပြောပါတယ်။

Confidence အတွက်ပေါ့တဲ့

မနေ့ညကတော့ သူ့အဖွဲ့တွေပါလာပြီး အဲဒီအကြောင်းကိုပြန်ရောက်သွားပါတယ်။

poor education

အာရှတိုက်ဘက်မှာ ကလေးတွေရဲ့ပညာရေးမှာ ဖိအားတွေရှိနေတယ်လို့

သူတို့က ပေါ့ပေါ့ပါးပါးပြောသွားပေမဲ့

စကားဝိုင်းထဲမှာ မြန်မာတစ်ယောက်တည်းဖြစ်နေတဲ့ကျွန်မကတော့

လေးလေးပင်ပင်နဲ့ဖိထားသလိုခံစားမှုတွေရလာပါတော့တယ်။







Wednesday, February 27, 2013

woman change the world

Fwd: Record!!!! mural at Passaic Lincoln Middle School - Aung San Suu Kyi

---------- Forwarded message ----------
From: Charlotte Bennett Schoen <charlotte3377@gmail.com>
Date: Sun, 24 Feb 2013 23:33:12 -0500
Subject: Record!!!! mural at Passaic Lincoln Middle School - Aung San Suu Kyi
To: shwewah oo <shwewahoo@gmail.com>

THank you for that wonderful breakfast treat!!!! This is the mural that
was featured in my local paper the other day. The teacher got a grant to
pay professional artist who worked with all the kids assisting with
painting. It's part of series of women changing the world. Hugs -
Charlotte

>
> *Record Thursday February 7, 2013*
> *INSPIRATION ON A SCHOOL WALL*
> [image: Image_1.jpg]
>
> TYSON TRISH/STAFF PHOTOGRAPHER
> Paloma Pilarte, left, and Mariah White looking over a mural of Nobel
> Peace Prize re­cipient Aung San Suu Kyi being painted at Lincoln Middle
> School in Passaic by artist Tone Alvarado and students in the Quality of
> Life Passaic program.
>
>
>


--

Sunday, February 24, 2013

the lady

ကျွန်မတို့ရွာမှာ အတူကြီးပြင်းလာတဲ့ ညီမလေးတစ်ယောက်က Mail ပို့လာတယ်။

တစ်ယောက်တည်းနေတဲ့ ကျွန်မအိမ်မှာ ဧည့်သည် တည်းလို့ရမလားတဲ့။

စာအုပ်တွေကလွဲရင် ကျန်တာ ဘာမှ အပိုမရှိတဲ့အခန်းမှာ တည်းနိုင်ရင်တော့ လက်ခံပါတယ်လို့
အကြောင်းပြန်လိုက်ပါတယ်။

ည 11နာရီလောက်မှာ တတိယထပ် ကျွန်မအခန်းကို ရောက်လာတဲ့သူကတော့

Miss Charlotte တဲ့

အသက် 69နှစ်နဲ့ မလိုက်အောင် သူကျောပိုးအိတ်သူ့ဖာသာသယ်ပြီးတက်လာခဲ့တယ်။

တခုတည်းသော အိပ်ခန်းကို သူ့အတွက် ပေးပြီးကျွန်မက အပြင်ခန်းကမှာ
ကုတင်လေးနဲ့အိပ်ဘို့

လုပ်ထားတယ်။

ငါ့အခန်းကတော့ ဒါဘဲ နေနိုင်ရင် နေပါလို့ စပြောလိုက်ပါတယ်။

USA ကပေမဲ့ India, Thai မှာ နေခဲ့ဘူးပါတယ်တဲ့။

ဒီအခန်းက သူ့အတွက် သိပ်ကောင်းပါတယ်လို့ ပာပါတယ်။

ကျွန်မအလုပ်ချိန်က အစိုးမရတာမို့ 7-7 အလုပ်သွားနေတာ

မနက်ဖန် သောကြာနေမို့ ရွာပြန်ပြီး တနင်္ဂနွေညမှ ပြန်လာမယ်

နေလို့ဖြစ်တယ်မို့လားဆိုတော့ အိုကေ တဲ့။

နောက်နေ့မနက် ကျွန်မ အလုပ်သွားခါနီးမှာ သူနဲ့တွေ့တော့

ဒီနားမှာ မုန့်ဟင်းခါးရှိလားတဲ့။

ကျွန်မနေရာက ရန်ကုန်တက္ကသိုလ်နဲ့ နီးတယ်နော်တဲ့။

ဘာလို့ သနပ်ခါးမလူးတာလဲ တဲ့။

ကဲ ....... အမေရိကန် မြန်မာ စတွေ့ပါပြီ။

ကျွန်မလဲ အလုပ်ချိန်နီးနေတာနဲ့

Feel ဆိုင်မှာ မုန့်ဟင်းခါးကျွေးဘို့

ရန်ကုန်တက္ကသိုလ်ပြဘို့

သူနဲ့ချိတ်ထားတဲ့ ရုံးကိုပို့ဘို့ကို ညီမလေးတစ်ယောက်နဲ့ လွှဲထားခဲ့လိုက်ပါတယ်။

အဲဒီညီမလေးက ပြန်ပြောလာပါတယ်။

အစ်မ ဧည့်သည့်ကအတော်အမေးအမြန်းထူတယ်နော်တဲ့။

နင်တို့ English Speaking ကို Native Speaker နဲ့ သင်ရင် သင်တန်းကြေးပိုပေးရတာ

ခု မကောင်းဘူးလားလို့ ပြောရတယ်။

ကျွန်မအိမ်လိပ်စာကို မြန်မာလိုရေးပေးထားလိုက်တယ်။

taxi သမားကိုပြဘို့ပါ။

ပထမထပ်က အန်တီတစ်ယောက်နဲ့ မိတ်ဆက်ပေးထားပြီး ကျွန်မလဲ ရွာပြန်လိုက်ပါတယ်။

စိတ်မချတာနဲ့ သောကြာ၊ စနေညတွေမှာ ပထမထပ်က အန်တီကို ဖုံးဆက်မေးတော့

ညနေ ပြန်လာတိုင်း သူ့ကို နှုတ်ဆက်ပြီးမှ တက်သွားတယ်တဲ့။

သတင်းပို့သွားတာဖြစ်မယ်။

တနင်္ဂနွေ ကျွန်မပြန်လာမှ စကားအေးအေးဆေးဆေးပြောဖြစ်ပါတော့တယ်။

ညနေ (6)နာရီက စပြောကြတာ (9)နာရီမှာ မနည်းဖြတ်ယူရပါတယ်။

သူ့အသက်က 69နှစ်တဲ့။

ကျွန်မအမေ (69)နှစ်ကတော့ အဖော်မပါရင် အိမ်လမ်းထိပ်တောင် မထွက်တော့တဲ့

အခြေအနေမှာ သူက အမေရိကန် က မြန်မာ ကိုလာခဲ့တယ်။

သူကတော့ different life style လို့ပြောသွားပါတယ်။

သူ့အမျိုးသား ဆုံးတာ 14နှစ်ရှိပြီတဲ့

သမီးနှစ်ယောက်လုံးက ရှေ့နေတွေ

သူက NGO တွေမှာ English and Women Development Program ကို
လိုက်သင်ပေးနေတာတဲ့။

သူ Thai မှာ ရှိနေတုန်း the lady ကြည့်ဖြစ်ပြီး

ဒေါ်စုကို သိပ်သဘောကျတယ်တဲ့

အမေရိကန်ပြန်ရောက်ပြိး မြန်မာပြည်ကို သွားလို့ရနိုင်တဲ့ အဆက်အသွယ်ကို
လိုက်ရှာတယ်တဲ့

မင်းတို့နိုင်ငံကို ၀င်ခွင့်ရဘို့က ကမ္ဘာပေါ်မှာ အခက်ဆုံးဘဲတဲ့

ရှာရင်းနဲ့ ကျွန်မတို့နဲ့ရွာမှာ အတူကြီးခဲ့တဲ့ညီမလေးကနေတဆင့်

မြန်မာပြည်ကို လာဖြစ်သွားတာတဲ့။

မြန်မာပြည်ကို လာဘို့ကျိုးစားရင်း မြန်မာ အစားအစာတွေကို စားဖြစ်တယ်တဲ့

သူက မုန့်ဟင်းခါးလဲ သိတယ်

အုန်းနို့ခေါက်ဆွဲလဲ သိတယ်။

လက်ဖက်သုတ်လဲ သိတယ်

အကြော်စုံလဲသိတယ်။

ဒီမနက် ကျွန်မသူ့ကို အိမ်နားက ရှမ်းခေါက်ဆဲဆိုင်ခေါ်သွားတော့
အဲဒါကိုလဲ သိနေတယ်။

ဒေါ်စုက ရခိုင်ကိစ္စကို ဘာမှ မပြောတာလဲ သိတယ်

မြန်မာ လို့ မပြောဘဲ ဗမာလို့ ပြောတာဘာကြောင့်လဲ မေးတယ်

မြန်မာဆိုတာ လူမျိုးတခုကို ကိုယ်စားပြုပြီး

ဗမာဆိုတာ လူမျိုးစု ကို ကိုယ်စားပြုတာလို့ ကျွန်မအထင်ကိုပြောတော့

ဒေါ်စုက ဗမာလို့ဘဲ သုံးကြောင်းသူက ပြန်ပြောတယ်။

သူဖတ်နေတဲ့စာအုပ်ကို ကြည့်လိုက်တော့

ဦးသန့်သား သန်းမြင့်ဦး ရေးထားတာ ဖြစ်နေတယ်။

သူက ကျွန်မကို သန့်သော်ကောင်း (ဦးကောင်း သား) စာအုပ်ဆိုင်နေရာ သိလားမေးတယ်

ကျွန်မက သိတယ်ပြောနိုင်လို့ အရှက်မရတာ

မဟုတ်ရင် ရှက်တာနဲ့သေလို့ရတယ်

ဒေါ်စု ၀တ်စုံတွေကို သူသဘောကျတယ်

မြန်မာဝတ်စုံဆိုင်ကို လိုက်ပို့ခိုင်းထားတယ်

ကျွန်မအားတဲ့တစ်ရက် မြန်မာစတိုင် ဆင်ပေးလိုက်မယ်။

မြန်မာပြည်မှာ online date လုပ်ပြီး တွဲကြတာရှိလားတဲ့။

အဲဒီယဉ်ကျေးမှုတော့ ကျွန်မတို့မှာ ခေတ်မစားသေးဘူးလို့။

နောက်တော့ မသိဘူးလို့ ဖြေလိုက်တယ်။

မြန်မာမိန်းခလေးအများစုက ဟီး ကျွန်မတို့ခေတ်အရွယ်ပေါ့

မိသားစုနဲ့စားဝတ်နေရေးတွေကြားမှာ လုံးလည်လိုက်နေတာ

date လုပ်ပြီး မသွားနိုင်ကြဘူးလို့ ပြောမိတယ်။

ကျွန်မအခန်းသော့အပိုတစ်စုံသူ့ကို ပေးလိုက်တာ အံသြနေကြတယ်တဲ့

ကိုယ့်နိုင်ငံအတွက် တိုးတက်ဘို့ အခမဲ့ လာကူညီတဲ့သူတွေအတွက်

ပြန်လုပ်ပေးနိုင်တာကိုလုပ်ပေးတာပါဘဲ ဘာမှ မထူးဆန်းဘူးလို့

သူကျွန်မအခန်းမှာ (5)ရက်နေပြီး သူ့အဖွဲ့က စီစဉ်ပေးတဲ့နေရာကို ဒီနေ့ရွေ့မယ်။

ခုလောလောဆယ် အနိမ့်ဆုံး ဟိုတယ်က တနေ့ ဒေါ်လာ(70)ဆိုတော့

သူတို့လို လူတွေအတွက်အခက်အခဲရှိနေတယ်။

သူလွန်ခဲ့တဲ့ (6)လလောက်ကလာရင် ကျွန်မအခန်းမှာ နေဘို့ခွင့်ပေးနိုင်မယ်

မထင်ဘူးလို့ ပြောမိတယ်။

သူကတော့ မင်းတို့အရင်ကထက်စာရင် လွတ်လပ်လာပါပြီလို့ ပြန်ပြောပါတယ်။

ကိုယ်ပိုင်ဆိုင်တဲ့နေရာကို ဧည့်သည်ခေါ်ရင် ဧည့်စာရင်းတိုင်ရတဲ့ဘ၀က
လွတ်မြောက်ချင်ပါပြီ။

Saturday, December 22, 2012

Monday, December 17, 2012

Testing

Wednesday, December 12, 2012

testing

Hi