Friday, July 2, 2010

တစ်နှစ်ပြည့်ဘလော့လေး

3.7.2009 မှာ
စလုပ်တတ်ခဲ့တာပါ။ တစ်နှစ်ပြည့်ပြီပေါ့။

နောင့်နောင့်ကို ကျေးဇူးတင်ရမယ်။

သူနဲ့စကားစပ်မိပြီး ဒါလေးကို လုပ်တတ်သွားတာပေါ့။

ဘလော့လုပ်တဲ့ရည်ရွယ်ချက်က ကိုယ်ဖြတ်ခဲ့တဲ့ပတ်ဝန်းကျင်ကို
မှတ်တမ်းတင်တာပါ။

ဘလော့လေးမှာ အရာရာကို အမှန်အတိုင်းတင်မယ်လို့
ရိုးစင်းတဲ့စိတ်ကလေးနဲ့ စ ဖြစ်ခဲ့တာပါ။

တကယ်တော့ အခက်ဆုံးက ရိုးဘို့ပါ။

လူထုဦးလှရဲ့ ဂုဏ်ထဲမှာ ရိုးဂုဏ်ကို အကြိုက်ဆုံးလို့ပြောခဲ့တာ
အမြဲသတိရတယ်။

ရိုးသားဘို့ ကျိုးစားနေဆဲပါ။

3 comments:

  1. 1 နှစ်တောင် ပြည့်ပြီပဲ။ ခဏလေး လိုလိုပဲ။ ဆက်အားပေးနေပါ့မယ်။(ဘလော့လုပ်တဲ့ရည်ရွယ်ချက်က ကိုယ်ဖြတ်ခဲ့တဲ့ပတ်ဝန်းကျင်ကို
    မှတ်တမ်းတင်တာပါ) ... ဖြစ်သင့်တယ်။ အမှတ်တရပေါ့။


    နောင့် လဲ ရိုးဂုဏ်ကို ကြိုက်တယ်။
    ရိုးသားဖို့ ကျိုးစား ရဦးမယ်။း)

    ReplyDelete
  2. ရိုးဘို့ကြိုးစားပါတယ်။ ဒါပေမဲ့မလွယ်ဘူး. သိတ်ရိုးလို့မဖြစ်ဘူး အနရယ်များတယ်။ မှန်တိုင်းလဲ ပြောလို့မဖြစ်ဘူးလေ.

    အရှည်တည်တံ့ပါစေ။

    ReplyDelete
  3. Thanks for your sharing. Keep on your writing blog.

    ReplyDelete