နှစ်သုံးဆယ်ကျော်ကြာတဲ့ မီးလျှံများ
လေတိုက်စားရင် ငြိမ်းလုပြီ။
ပြန်မရနိုင်တဲ့ အိမ်မက်တွေကိုတွေကိုတော့
ကြိုးလျော့ဂီတာတစ်လက်လို ပြန်ညှိရင်း။
များလိုက်တဲ့မာယာတွေ ကမ္ဘာမြေက
ဘာလို့များလက်ခံထားခဲ့ပါလိမ့်။
ရွှေရှာသူများ
ငွေရှာသူများ
နေရာယူသူများ
အားလုံးရဲ့နောက်မှာ ငါ
တခါတခါ လေဆာသေနတ်နဲ့ လူသတ်ချင်တယ်
ဒါပေမဲ့ တိမ်တွေရဲ့ကိစ္စ ရာသီတွေရဲ့ကိစ္စ
လောကကို မတောင်းဆိုနဲ့
အိနြေ္ဒကြီးတဲ့ ကောင်းကင်လိုဘဲ
နေလိုက်တော့ကွယ်။
ဂျူး
နေ၀င်းမြင့်နဲ့အတူ ဂျူး ကိုလည်းပြန်အမှတ်ရလာပြီး ဒီကဗျာလေးကို ပြန်ရေးပြ လိုက်ပါတယ်။
အဲဒီညမှာ သူရွတ်ပြသွားခဲ့တာပါ။
မှတ်ဥာဏ်သိပ်မကောင်းတဲ့ကိုယ့် စိတ်ထဲကို တိုက်ရိုက်ချရေးပေးသွားခဲတာပါ။
အဲဒီအချိန်က သူလဲ 30 ပတ်ဝန်းကျင် ကိုယ်လဲ 30 ပတ်ဝန်းကျင်မို့ ဆူပွက်နေတဲ့ ခံစားချက်တွေ တူနေလို့လည်း မမေ့နိုင်ခဲ့တာဖြစ်မှာပါ။ အခုတော့ အားလုံးဟာ အိနြေ္ဒကြီးတွေနဲ့ပေါ့။
Showing posts with label ဂျူး ပြည်စာပေဟောပြောပွဲ. Show all posts
Showing posts with label ဂျူး ပြည်စာပေဟောပြောပွဲ. Show all posts
Friday, July 3, 2009
Subscribe to:
Posts (Atom)