Wednesday, July 22, 2020

re: re: Boost SEO with quality EDU backlinks

hi there
Yes, of course, here it is:

1000 Edu blog backlinks to improve your backlinks base and increase SEO
metrics and ranks
http://www.str8-creative.io/product/edu-backlinks/


Improve domain authority with more .edu blog backlinks

Apply 25% coupon and get your discount before the Offer ends
COUPON: 25XDISC



















Contact us:
http://www.str8-creative.io/contact/

Unsubscribe from this newsletter
http://www.str8-creative.io/unsubscribe/

001 (516) 926-1772, 18 Richmond St, Albany, New York

2018-11-13, tr, 10:37 shwewahoo.1967 <shwewahoo.1967@blogger.com> raše:
Hi there, Could you send me that Coupon again? for the e#du links Thanks
again, will wait your reply.

Tuesday, July 21, 2020

re: Additional Details

hi there

After checking your website SEO metrics and ranks, we determined
that you can get a real boost in ranks and visibility by using
aour 49 usd / Economy Plan:
https://www.hilkom-digital.com/product/economy-seo-plan/

cheap and effective SEO plan
onpage SEO included

thank you
Mike

Wednesday, September 30, 2015

ခံယူချက်များ ကွာခြားခြင်း

တခါတလေ စိတ်အလွန်ရှည်သော်လည်း
တခါတလေမှာတော လုံးဝ ကို သည်းမခံနိုင်တော့ပါ။
ဖြစ်သင့်ဖြစ်ထိုက်သည်များကို ဆင်ခြင် နှလုံးသွင်းနိုင်သော်လည်း
မဖြစ်သင့်သည်များကို ခွင့်လွှတ်နားလည်မှုပေးရန် အလွန်ခက်ခဲပါသည်။
လိုအပ်ချက်များနှင့် အားနည်းချက်များကို လက်ခံနိုင်သော်လည်း
အလေးအနက်မထားဘဲ ပေါ့ဆခြင်းများကို လက်မခံနိုင်တော့ပါ။
အရာရာမှုန်ဝါးသွားသည်အထိ မြင်ကွင်းအပြင်သို့ ထုတ်ပစ်လိုက်ချင်ပါသည်။
အခြားသူများကို မလေးစားတာထက် မိမိကိုယ်ကိုယ် မလေးစားရာရောက်သည့်အပြုအမူမျိုးကို ကိုယ်တိုင်ပြုလုပ်နေကြတာမြင်ရတာလောက် စိတ်ပင်ပမ်းတာမရှိပါ။
တအိအိပြိုကျနေသော လူ့အဖွဲ့အစည်းကို မြင်ပြီး.......................




Wednesday, May 20, 2015

Number 48

(48) နှစ်ပြည့်ပြီတဲ့။
အတိတ် ကို သင်ခန်းစာ
လက်ရှိ ခဏကို စိတ်ကောင်းထား
အနာဂတ် ကို အကောင်းမြင် နိုင်အောင်
ကြိုးစားသွားမယ်။
အတိတ်မှာ မှားခဲ့တာတွေ အများကြီးမို့
သင်ခန်းစာတွေ တပုံကြီး
လက်ရှိမှာ စိတ်မထားတတ်လို့
စိတ်ပုတ်တာတွေ အများကြီး
အနာဂတ်ကို အကောင်းမြင်ချင်ပေမဲ့
မကောင်းမှာတွေကို သိနေတာလဲ
တပုံကြီးမို့

သတိနဲ့ဘဲ အသက်ရှု သွားမယ်။

Monday, December 22, 2014

အင်ဂျင်နီယာ

facebook မှာ အင်ဂျင်နီယာတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်တဲ့အကြောင်းကို ဖတ်လိုက်ရတော့ နည်းနည်းပြုံးမိသွားတယ်။
ကျွန်မတို့ စီးပွားရေးတက္ကသိုလ် တက်တုန်းက 1983-1987 အတန်းထဲမှာ 80% ကျော်က မိန်းခလေးတွေ ဒါပေမဲ့ ကျွန်မတို့ စာသင်ခန်းရဲ့ စင်္ကြန်မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ရှိနေတတ်ပါတယ်။
ကျွန်မ ယန္တရားတွေ ပြင်တဲ့စက်ရုံမှာလုပ်တုန်းက ကျွန်မ စာရင်းကိုင်က တစ်ယောက် အင်ဂျင်နီယာ (12) ယောက်နဲ့ အမြင်တွေမတူဘဲ တချိန်လုံး စကားများနေခဲ့ရတယ်။
နောက်ပိုင်း စက်ရုံတွေမှာ လုပ်တော့လဲ အင်ဂျင်နီယာတွေနဲ့ တပွဲတလမ်းတွေ ဆက်တုန်းဘဲ။
လွန်ခဲ့တဲ့ (4)နှစ်လောက်တုန်းက အင်ဂျင်နီယာတစ်ယောက်ရဲ့ ကြိုတင်ထုတ်ငွေတွေကို ကျွန်မက ထောက်ပြတော့ အဲဒီအင်ဂျင်နီယာက ကျွန်မစားပွဲခုံရှေ့လာထိုင် မျက်နှာကြည့်ပြီးပြောတယ်။
အင်ဂျင်နီယာတွေကို သတ်တာ စာရင်းကိုင် တဲ့။
အဲဒါနဲ့ ကျွန်မလဲ အင်ဂျင်နီယာနဲ့ စာရင်းကိုင် vision မတူတာ ဘာကြောင့်လဲလို့ ပြန်သုံးသပ်ဖြစ်တယ်။
ကျွန်မ Management level ရောက်လာတော့ အင်ဂျင်နီယာ အများစုနဲ့လုပ်ရတဲ့ လုပ်ငန်းမျိုးဖြစ်နေပြန်တယ်။
ကျွန်မက သူတို့ကိုပြောဖြစ်တယ်။ business လုပ်ခြင်းရဲ့ နောက်ဆုံးပန်းတိုင်က အကျိုးအမြတ်ရဘို့ပါ။
NGO တွေရဲ့ရည်ရွယ်ချက်ကတော့ တမျိုးပေါ့။
အမြတ်အစွန်းမရှိတဲ့လုပ်ငန်းတခုဟာ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ။
စက်ရုံတွေ (5)နှစ်လောက် အရှုံးခံပြီး လက်လျော့လိုက်ရတာတွေ ကြုံခဲ့ဘူးတော့ အောင်မြင်မဲ့နည်းလမ်း တွေကို ထုတ်မသုံးရသေးပေမဲ့ မအောင်မြင်တဲ့အကြောင်းတွေ အားနည်းချက်တွေနဲ့တော့ တော်တော်လေး ရင်းနှီးနေခဲ့ပြီလေ။
ဒီတော့ အင်ဂျင်နီယာတွေနဲ့ စကားနပန်းလုံးရတိုင်း ပြန်တွေးမိတဲ့ စာလေးတစ်ပုဒ်ရှိတယ်။
တက္ကသိုလ်နှစ်ပတ်လည် စာစောင်တစ်ခုမှာ ကျောင်းတုန်းက ဖတ်ခဲ့ဘူးတယ်။
သေဒါဏ် ကျခံထားရတာ (3)ယောက် မှာ တစ်ယောက်က အင်ဂျင်နီယာတဲ့။
သေဒါဏ်စီရင်တဲ့နေ့မှာ ပထမတစ်ယောက်ကို ခေါင်းဖြတ်စက်အောက် ပို့လိုက်တယ်။
စက်က ခလုတ်နှိပ်ပေမဲ့ ပျက်နေတော့ အဲဒီတစ်ယောက်ကလွတ်သွားတယ်။
ကဲလာ ဒုတိယတစ်ယောက် ခလုတ်နှိပ်ပေမဲ့ စက်က ပျက်နေဆဲဘဲမို့ လွတ်သွားပြန်တယ်။
ကဲနောက်ဆုံးတစ်ယောက် လာထား အင်ဂျင်နီယာ
သူက စက်ပျက်နေတာကို သိတော့ ခလုတ်နှိပ်တဲ့လူကို ခဏနေပါဦး
သူပြင်ကြည့်ချင်တယ်လို့ တောင်းဆိုတယ်။
အင်ဂျင်နီယာကို စက်ပြင်ခွင့်ပေးလိုက်တယ်။
ကဲ ခေါင်းဖြတ်စက်ပြင်ပြီးသွားပြီတဲ့
အဲဒီတော့မှ အင်ဂျင်နီယာ ခေါင်းဖြတ်ခံရမဲ့အလှည့်ရောက်လာတယ်။
ကောင်းသွားတဲ့စက်နဲ့ အင်ဂျင်နီယာ ခေါင်းပြတ်သွားတယ်။
ဖတ်ခါစတုန်းကတော့ အင်ဂျင်နီယာတွေကို စ ချင်ရင် အဲဒီစာပိုဒ်လေးပြန်ပြန်ပြောဖြစ်တယ်။

အခု အင်ဂျင်နီယာတွေအများစုနဲ့ ဆက်ဆံနေရတော့
သူတို့ရဲ့ စိတ်နေသဘောထားကို တွေးကြည့်နေဖြစ်တယ်။
ကျွန်မတို့စာရင်းကိုင်တွေ အရာရာကို ရေတွက်ကြည့် အကျိုးမရှိရင် NO....
သူတို့အင်ဂျင်နီယာတွေရော........ခေါင်းမာမာနဲ့ ကိုယ့်သတ်မဲ့ခေါင်းဖြတ်စက်တောင်
ပြင်တတ်တယ်လို့ ယုံကြည့်ရင် ပြင်ချင်ကြတာမို့....
သူတို့အတွက် အကျိုးမရှိဘူး အကျိုးတောင်မဲ့စေတယ်ဆိုတာတွေ သိနေရက်နဲ့တောင်
ယုံကြည့်ချက် အပြည့်နဲ့ ပညာတွေ ထုတ်သုံးချင်ကြလို့..............

Wednesday, December 10, 2014

နှောင်းငယ် သို့

မျက်လုံးအညိုရောင်ကလေးနဲ့ သရဖီအဆောင်သူတစ်ယောက်ကို ကံကော်ဆောင်မှ ခဏတိုင်းတွေ့ရလို့ သတိထားမိတယ်။
သူ့နံမည်ကို တင်တင်အေးဆိုတာ သိတာ သိပ်မကြာသေးဘူး။
သူက ကျွန်မတို့ ပဲခူးက ကံကော်သူ ပဲအရမ်းများတဲ့ တင်မိုးလွင်နဲ့ တွဲတယ်။
ကျွန်မတို့ ပဲခူးသူတွေထဲက ကျွန်မတို့နှစ်မှာ(3)ယောက် ကံကော်ဆောင် နေခွင့်ရတယ်။
ကျွန်မတို့(3)ယောက် သူငယ်တန်းကတည်းက တစ်ကျောင်းတည်းထွက်ပေမဲ့ စတိုင်မတူကြဘူး။
တင်မိုးလွင်က တစ်ဦးတည်းသော သမီး အဒေါ်အပျိုကြီးရဲ့ ထိန်းကြောင်းမှုအောက်က ထွက်လာတာ။
နောက်တစ်ယောက်က နှာအမြဲစေးနေတဲ့ ခိုင်သီတာဆွေ။
တချိန်လုံးနှာစေးနေပြီး ယောက်ကျားရမှ ပျောက်သွားတယ် ထင်တာဘဲ။
တရုတ်မ မျက်ရစ်မရှိလဲ လှပါတယ်။ ဒါပေမဲ့ မင်္ဂလာမဆောင်ခင် မျက်ရစ်သွားဖော်သေးတယ်။
ခုတော့ သားနဲ့ယောက်ကျားနဲ့ တင့်တယ်နေတာ။
ကျွန်မက ခပ်ပေပေ သမားမို့ သူတို့နဲ့ ဝေးသွားတယ်။
ကျွန်မက တင်မိုးလွင် အစ်မ မသီတဂူဇေယျ နဲ့ အဖွဲ့ကျတယ်။
စာယောင်ယောင်ပေယောင်ယောင်ပေါ့။
သူ့မှာ သန့်ဇာနည်ဇေယျ ဆိုပြီး ဆေးကျောင်းတက်နေတဲ့ မောင်လေးရှိလို့ ကပ်နေခဲ့မိတာထင်တာဘဲ။
ဟဲ ဟဲ
မသီတဂူ က သနပ်ခါးကို အပွေးဘက်က မသွေးဘဲ အသားဘက်က သွေးပြီး အဖတ်တွေနဲ့လိမ်းတယ်။
ကျွန်မက အပွေးဘဲ လိမ်းတော့ အံကိုက်ဘဲ။
မိန်းမနဲ့တူတာဆိုလို့ 10တန်းနှစ်ကတည်းက ရည်းစားရှိတဲ့ ဘောလီဘော ကစားတဲ့ ခင်မြတ်ချို လား
သွားကစားပြီးပြန်လာရင် သူ့အခန်းက အပေါ်ထပ်မှာမို့ အောက်ထပ် တစ်ခန်းခန်းက ဆပ်ပြာနဲ့ရေခွက် ငှားချိုးတတ်တာကို သူ့သမီးကိုပြောတော့ သူ့သမီးက မျက်နှာစူပုတ်သွားတယ်။
မဟာဘွဲ့အထိ ရခဲ့ပေမဲ့ စာမေးပွဲဖြေတိုင်း ဆေးရုံတက်ရတတ်တဲ့ သရဖီသူ ယဉ်ယဉ်နွဲ့လား။
လက်ခဏခဏဆေးပြီး အင်္ဂလိပ်အဘိဓါန်ကို အလွတ်ကျတ်တဲ့ ယဉ်မြတ်မင်းလား။
ရွှပ်သီအိုရီ ကိုသင်ပြီးကတည်းက နင့်ကို ရွှပ်လို့ခေါ်မယ်လို့ပြောတဲ့ အိပ်ယာမှာ သေးလာပေါက်သွားတဲ့ သိန်းသိန်းတိုးလား။
ဒေါက်တာမင်းတင်မွန် အဘိဓမ္မာသင်တန်းက သင်တန်းကြေးမပေးရဘဲ
မုန့်အမြဲကျွေးလို့ တက္ကသိုလ်ဓမ္မာရုံမှာ သွားတက်ဘို့ အမြဲခေါ်တဲ့ စုစုလှိုင်လား။
မာလာဆောင်မှာ ကျွန်မတို့အုပ်စုကိုစောင့်ပြီး မျက်နှာချင်းဆိုင်စားပွဲမှာ ထမင်းလာစားတဲ့
ရေနံချောင်းသူ နှင်းနှင်းအေးလား။
နင်က သွေးဆေးကြော်ငြာထဲကအတိုင်းဘဲလို့ အမြဲ မြည်တွန်တောက်တီးနေတဲ့ ရည်မွန်ထွန်းကြည်လား
နင်နဲ့တူတဲ့တစ်ယောက် ငါ့သူငယ်ချင်းထဲမှာ ရှိတယ်ပြောပြီး ပေါင်းဖြစ်သွားတဲ့ နေ့ကျောင်းတက်တဲ့
မာလာ လား။ သူပြောလို့လိုက်ကြည့်ပြီးမှ ညီမတစ်ဝမ်းကွဲ ဖြစ်နေတာ။
မျက်လုံးလေးပြူးပြူးလေးတွေနဲ့ နေ့ကျောင်းတက်တဲ့ မူမူနဲ့စန်းစန်းဝင်းလား။
ကျွန်မသူငယ်ချင်းက တော်တယ် အဖေ အလုပ်ခန့်ပေးပါလို့ ထောက်ခံပေးတဲ့ စန္ဒာမိုးလား။
ဖားအံနားနီးပေမဲ့ မော်လမြိုင်သူ မိုးမိုးခိုင် စန်းစန်းဝင်းတို့လို မဟုတ်ဘဲ ညှပ်နေတဲ့ စန်းစန်းမော်လား။
စန်းမော်ကို စော်မန်း လို့ သူ့သူငယ်ချင်းတွေက ပြောင်းပြန်ခေါ်ပေမဲ့ ကျွန်မတို့အုပ်စုက ဆော်ငန်း လို့ထင်နေကြတာ။
ကျွန်မ စင်ကာပူရောက်ပြီး 3ရက်မှာ သူ့အလုပ်ကို ကျွန်မလွှဲပေးခဲ့တာ။
လူတွေများရင် တစ်ယောက်ယောက်ကို အမြဲကွယ်မှီပြီး ရပ်တတ်တဲ့ ခင်စိုးဦးလား။
ခုတော့ သူက ပေါင် 140လား 150လား ဖြစ်သွားတော့ အပျိုကြီး ဘယ်သူ့ကိုမှီရပ်နေလဲ မသိဘူး
နေပြည်တော်ဘဏ်ကြီးမှာ။
ကျွန်မအခန်းတခါးကို လာလာခေါက်ပြေးကြတဲ့ မာမာလွင် ခိုင်ကလျာစော နဲ့ မြသန္တာ တို့လား
လက်မောင်း ပလွေရိုးနဲ့ ရေနွေးအိုးအဖုံး သစ်သားပြားကြီးကို မ တဲ့အခါတိုင်း လာလာမပေးတဲ့
ထမင်းချက် ဦးလေးသန်းလား။
ကံကော်နဲ့ သရဖီဆောင်ကြားလမ်းကလေးမှာ တစ်ယောက်ထဲ သွားသွားထိုင်တုန်း
ဘာထိုင်လုပ်နေတာလဲလို့ အမြဲမေးတဲ့ အဆောင်မှူးး ဒေါ်ကြည်ကြည်စိန် လား။
ပထမနှစ်မှာ မော်ကွန်းထိန်းလက်မှတ်အထက်က အောင်ပြီး
ဒုတိယနှစ်မှာ ဆုပေးရမှာ တွေဝေနေတဲ့ Hall Tutor ဒေါ်စန်းစန်းလင်းလား
လား
လား
လား
စိတ်ထဲပေါ်တာ ချရေးတာပါ။
ကျန်နေခဲ့ရင်လဲ စိတ်မဆိုးကြေး။






အဆောင် အခန်းဖော်

မာလာဆောင် ပြန်ဖွင့်တာကို သတင်းတွေ ကြားလိုက်ရတော့
တက္ကသိုလ်အဆောင်နေရတဲ့ ဘ၀တွေကို ပြန်တမ်းတမိတယ်။
အိမ်ကပေးတဲ့ပိုတ်ဆံကို လောက်အောင်ချင့်ချိန်သုံးရတာဘဲရှိတယ်။
ကျန်တဲ့အပိုင်းတွေမှာ အပူအပင်ကင်းခဲ့တယ်။
ကျွန်မက ကားမူးတတ်တယ်။
ပဲခူးကနေ ရန်ကုန်ကိုလာတဲ့လမ်းမှာ အမြဲတန်းအန်ပြီး မူးနေလေ့ရှိတယ်။
ဒါပေမဲ့ ပထမဦးဆုံး ကျွန်မကို စီးပွားရေးတက္ကသိုလ်တက်ဘို့ ကံကော်ဆောင် ကို
လာပို့တဲ့နေ့ကစပြီး ကားမူးတတ်တာ ပျောက်သွားတယ်။
ပထမနှစ် တက်ဘို့ ကံကော်ဆောင်ကို ရောက်တဲ့အချိန်မှာ Hall Tutor က မေးတယ်
အတူနေဘို့ အခန်းဖော်ရှိလားတဲ့။
ကျွန်မက မရှိဘူးဆိုတော့ ဘေးနားရောက်နေတဲ့တစ်ယောက်လဲ မရှိဘူးတဲ့
သူနဲ့အတူနေလိုက်ပေါ့တဲ့။
သူ့နံမည်က ၀ါဝါရွှေ တဲ့ ဟသာင်္တမြို့ ကလာတာ။
အဲဒီလိုနဲ့ ပထမနှစ် အခန်းဖော်ရသွားတယ်။
တစ်ယောက်ခန်းတွေကို နှစ်ယောက်ထားတော့ ကျပ်တာပေါ့။
ကုတင်နှစ်လုံး ယှဉ်ချထားရင် လူနှစ်ယောက်လမ်းလျှောက်လို့မရတော့ဘူး။
သေတ္တာထားစရာမရှိလို့ ကုတင်ကို အုတ်ခဲ(3)ဆင့်လောက်ခုမြှင့်ထားပြီးမှ
ကုတင်အောက်ထားရတယ်။
ခပ်မြင့်မြင့်လေး အိပ်ကြတာပေါ့ဆိုပြီး ရယ်မောခဲ့ကြတယ်။
ကျွန်မက လူမှုဆက်ဆံရေး နည်းနည်းညံသေးတော့
အခန်းဖော်နဲ့ သိပ်ပလဲ နံပ မသင့်ဘူး။
တလလောက်အတွင်းမှာဘဲ ကျွန်မနဲ့ လိုင်းတူတဲ့ မုံရွာအုပ်စုနဲ့ပေါင်းဖြစ်တယ်။
မုံရွာက လူတွေက စိတ်ရှင်းကြတယ်။
ကျွန်မတို့ (4) နှစ်လုံးပေါင်းလာကြတာလေ
တွက်ကတ်တယ် ပြိုင်ဆိုင်တယ်ဆိုတာ သိပ်မရှိခဲ့ဘူး။
ကျွန်မနဲ့ မရည်မွန် နှစ်ယောက်ဘဲ ကော်ဖီသောက်တတ်တဲ့လူပါတယ်။
အတူပေါင်းသောက်ကြတာ နင်က ဘာဝယ်လို့ ငါက ဘာထည့်ရတယ်
ဘယ်လောက်ကုန်တယ်လို့ တခါမှ မပြောခဲ့ကြဘူး။
ဒါပေမဲ့ ကော်ဖီကိုတော့ နင်ဖျော် ငါဖျော်နဲ့ တွက်ကက်ခဲ့ကြတယ်။
စာရင်းကိုင်တွေ ပီပီ တိတိကျကျ နာရီနဲ့ပိုင်းလိုက်တယ်။
မနက်စောစောထတဲ့ကျွန်မက နေ့ခင်း (12)နာရီမတိုင်ခင်
သောက်တဲ့ကော်ဖီတိုင်းကိုဖျော်ပြီး
သူက နေ့ခင်း(12)နာရီနောက်ပိုင်းသောက်တာ ဖျော်ရတယ်။
ကျွန်မတို့ကလဲ ကော်ဖီကို ခွက်ကူးသောက်တာလေ
ခွက်ဆေးပြီးတာနဲ့ ထပ်ဖျော်သောက်ကြတာ။
အဲဒီအုပ်စုမှာ ကျွန်မက အပိန်ဆုံး နဲ့ အစားအစာ ဂျီးအများဆုံးထင်တာဘဲ။
နေ့ကူးရင်မစားချင်တာတို့ အနံမကြိုက်လို့ မစားတာတို့ပေါ့။
ကျွန်မတို့အုပ်စုမှာ ဘယ်အိမ်က ပို့တဲ့ စားစရာဖြစ်ဖြစ် တနေရာတည်းမှာ
စုထားပြီး ထမင်းအတူစားကြတာလေ။
မရည်မွန်အိမ်က ကြက်သားကို ပုဇွန်ခြောက်မှုန့်လို့ထောင်းကြော်ပေးတယ်။
နို့မှုန့်ဘူးနဲ့ကို ထည့်ပို့တာ
ကြက်သားထောင်းကြော် နည်းလာရင် မရည်မွန်က အမြဲပြောလေ့ရှိတယ်
ဟေ့ ဂျီးများတဲ့ ရွှေဝါဦးက အဲဒါဘဲ စားတာ နင်တို့ ချန်ဦး တဲ့။
ရပါတယ်ဟာ.......လို့ ကျွန်မက ပြောတော့
ငါတို့အညာကလူတွေက ပဲခြမ်းကြော်နဲ့စားရင်တောင် တစ်ပန်းကန် အသာလေးကုန်တယ်လို့
အမြဲပြန်ပြောလေ့ရှိတတယ်။
အညာအုပ်စုနဲ့ စီးပွားရေးတက္ကသိုလ် ပထမနှစ်ကို RC(2) ထဲမှာ
ပျော်ပျော်ကြီး တက်ခဲ့ကြတာပေါ့။
အဆောင်မှာ အညာက လူတွေနဲ့ပေါင်းပေမဲ့
ကျောင်းမှာတော့ မြို့ထဲက တက်တဲ့လူတွေနဲ့ပေါင်းဖြစ်တယ်။
ကျွန်မအိမ်က ထည့်ပေးလိုက်တဲ့ အ၀တ်အစားတွေထဲက
ကြိုက်တဲ့ တစ်ထည်နှစ်ထည်လောက်ဘဲ ၀တ်ဖြစ်တော့
ကျွန်မမွေးနေ့မှာ ကျိုင်းတုံအကျီင်္ ရောင်စုံ(3)ထည်ကို
လက်ခံရဘူးတယ်။
အိမ်ကထည့်ပေးတာကို မကြိုက်ပေမဲ့ ကိုယ်တိုင်လဲ မ၀ယ်ဖြစ်ခဲ့ဘူးလေ
အဆောင်က refund ပြန်ပေးတော့ ရတဲ့ပိုတ်ဆံနဲ့ ဗိုလ်ချုပ်ဈေးသွားဖူးတယ်
ဈေးသည်က မပြပေးချင်တဲ့ အကျီကို ဈေးမဆစ်ဘဲ ၀ယ်ခဲ့ဘူးတယ်
အပြာရောင်ကလေးပေါ့

နှစ်ပတ်လည် ညစာစားပွဲကို ကံကော်ရဲ့ မောင်နှမဆောင် အုန်းတောမှာ သွားလုပ်တော့
ကျွေးတဲ့ ဒန်ပေါက်ကို မစားရဲလို့
အအေးလေးသောက်ပြီးပြန်ခဲ့ဘူးတယ်
dinner ညမှာ ကောင်လေးတွေက သူတို့ ကြိုက်တဲ့ကောင်မလေးတွေ နံမည်ကို
အဆောင်ထိလိုက်လာပြီး ညဘက်အော်ကြတယ်
ရွှေဝါဦး လို့ အော်လိုက်သံကြားမှာ စိတ်ထဲ ထိတ်သွားပေမဲ့
နောက်ဆက်အော်လိုက်တာကတော့ ပေါင်ကြားထဲ လက်ထည့်အိပ်နေပြီလား တဲ့
ဘယ်လောက်များ စိတ်ကူးယဉ်စရာကောင်းသလဲ လို့
ကျွန်မအဲ့လိုအိပ်တာ သူတို့တွေ ဘယ်လိုများ သိသွားတာပါလိမ့်။
ဘာတွေဘဲ ဖြစ်ဖြစ်
တင်းကျပ်တဲ့ အထက်တန်းကျောင်းနဲ့ လွတ်လပ်တဲ့ တက္ကသိုလ်အကူးမှာ
စာမေးပွဲကို မော်ကွန်းထိန်းလက်မှတ် အထက်နားက အောင်ခဲ့တယ်။

ဒုတိယနှစ်ကျောင်းတွေ ပြန်ဖွင့်လို့ အဆောင်ဝင်တော့
Hall Tutor ကပြောတယ် ခင်စောမွန်က ကျွန်မနဲ့ တခန်းတည်းနေဘို့
စာရင်းပေးသွားပြီတဲ့
အော် ဒီနှစ်လဲ ငါရွေးခွင့်မရတော့ပါလားဆိုပြီး ရီနေလိုက်တယ်။
ကံကောင်းချင်တော့ ကျွန်မသူငယ်ချင်းကြီး မရည်မွန်နဲ့ အခန်းချင်းကပ်ရပ်ကျတယ်။
ကျွန်မတို့နယ်ကလူတွေက နယ်စွဲမရှိပေမဲ့
အညာကလူတွေက အညာစွဲရှိတယ်
သူတို့လို ရေချိုပျင်းတဲ့ ရေကြောက်တဲ့ အညာသူအချင်းချင်းသာ အခန်းဖော်လုပ်ကြတယ်။
ကျွန်မက စောစောအိပ်ပြီး စောစော ထတတ်တဲ့အကျင့်ရှိတယ်
အခန်းဖော်က နောက်ကျမှ အိပ်လေ့ရှိတယ်။
ခပ်၀၀ မရည်မွန် ကုတင်သေးသေးမှာ သူ့ဘေးမှာ ကပ်အိပ်လိုက်ရတာ များတယ်။
ကျွန်မ ကုတင်မှာလဲ စာအုပ်တွေနဲ့ မီးပူမတိုက်ရသေးဘဲ ကျွတ်ကျွတ်အိတ်နဲ့ ထည့်ထားတဲ့
အ၀တ်တွေက အမြဲပြည့်နေတတ်တယ်လေ။
Day တက်တဲ့လူတွေနဲ့ပေါင်းပြီး ကျွန်မက လူရည်လည်နေပေမဲ့
အဆောင်က အညာသူတွေက အဆောင် ကင်တင်း ကျောင်းကင်တင်းတွေကို
မရောက်ဖူးသေးဘူးတဲ့
ကျောင်းပိတ်ရက်တစ်ရက် အညာသူတွေနဲ့ သမိုင်းဝင်းကင်တင်း သွားထိုင်ဖြစ်တယ်။
ခေါက်ဆွဲကြော် ကြာဇံကြော်မှာထားတုန်း ဆိုင်က ခိုင်ထူးသီချင်းဖွင့်တယ်။
ကျွန်မက မရည်မွန် အဲဒီသီချင်းက ငါအဆောင်မှာ ဆိုဆိုနေတာလေလို့ပြောတော့
သူက မျက်လုံးကြီးပြူးပြီး နင်ဆိုတာနဲ့လဲ မတူဘူးတဲ့
သူဘယ်လိုဘဲ မှတ်ချက်ပေးပါစေ
ကျွန်မတို့ထက် တစ်တန်းငယ်တဲ့ ထားဝယ်သူ မာမာလွင်နဲ့ ကျွန်မကတော့
စိုင်းထီးဆိုင် စာအုပ်ကို ဖွင့်ပြီး ခေါင်းချင်းဆိုင် ဆိုနေတာပါဘဲ
ကျွန်မတို့ ဒုတိယနှစ်တက်တော့ ပထမနှစ်မှာ ၀င်လာတဲ့
မာမာလွင် ခိုင်ကလျာစော မြသန္တာ တို့က ကျွန်မတို့နဲ့ လာတက်ပေါင်းကြတယ်။
ခု မြသန္တာ ဆို ကျောင်းမှာ ရာထူးအတော်ကြီးသွားပြီထင်တယ်။ dinner မှာတော့ ကလေးလေးလိုဘဲ။
ပထမနှစ် ဒုတိယနှစ် (2)နှစ်ကို RC(2) မှာ တက်ရပေမဲ့ အညာသူတွေ
ကျောင်းကင်တင်း မရောက်ဖူးဘဲ ကျောင်းပိတ်သွားမှာစိုးတာနဲ့
ကျောင်းဖွင့်တဲ့တရက်မှာ သွားကြတယ်။
စားသောက်ဆိုင်တွေက မျက်နှာချင်းဆိုင် ဖွင့်ထားတာမို့
အလယ်လမ်းကလေးက လျှောက်ရတယ်
ဆိုင်တွေထဲမှာ ကျောင်းသားတွေ အပြည့်ပေါ့
မရည်မွန်က တွန့်ဆုတ်ဆုတ် လျှောက်လာတော့ ကျောင်းသားတွေက စချင်နေတာ
သူကလဲ မိုးတွင်းရေအိုင်ကလေးကို ကျော်လိုက်တာ ဘိုင်းကနဲ ပစ်လဲသွားပါရော
အဲဒါနဲ့၇န်ကုန်ဆေးရုံကြီးသွား ခြေထောက်အရိုးကျိုးသွားလို့ ကျောက်ပတ္တီးစီးလိုက်ရတယ်။
ကျောက်ပတ္တီးစီးထားတော့ ရေပူရေချမ်းကမ်းလှမ်းရတာပေါ့။
ရိုးရိုးအိမ်သာကို မထိုင်နိုင်တော့ ကြိမ်ခင်းထားတဲ့ ကုလားထိုင်တစ်လုံးကို
အပေါက်ဖောက်လိုက်ကြတယ်လေ။
မပိုင်ဘူးလား
အရိုးသာ ကျိုးတာ TV ကြည့်ချင်လို့ နေ့တိုင်း သူ့တွဲချရသေးတာ
ကျွန်မက အဆောင်သူဘ၀လွတ်လပ်မှုကို ကြိုက်ပြီး ကျောင်းမှာ ဆရာမပြန်လုပ်ရင်း အဆောင်မှာ နေချင်ခဲ့တယ်။
ဒုတိယနှစ်အမှတ်အလိုက် လိုင်းတွေ ဂုဏ်ထူးတန်းတွေခွဲမယ်ဆိုတော့
စာနည်းနည်းပြန်လုပ်ဖြစ်တယ်။
အေးစက်နေတဲ့ အဆောင်အုတ်နံရံတွေကို ကပ်ပြီး အိပ်ရတဲ့ အရသာကို ကြိုက်တယ်လေ
ဘ၀ကို ဒီလိုအဆောင်တွေမှာ နေချင်နေခဲ့တယ်။

ကျိုးစားရင် အရာထင်တယ်လို့ ငယ်စိတ်နဲ့တွေးခဲ့မိတယ်။
အရာထင်တိုင်း အကောင်မမြင်ရတဲ့ လူ့ဘ၀သဘောတွေကို သိခဲ့ရတယ်
တတိယနှစ်မှာ ကြိုက်တဲ့ ဂုဏ်ထူးတန်းကို ကျောင်းတော်ကြီးက တက်ခွင့်ပေးပေမဲ့
ကျောင်းစရိတ်က တက်ခွင့်မပေးခဲ့ဘူး။
ပါမောက္ခ ကို ကျွန်မ ရိုးရိုးတန်းပြန်ဆင်းပါရစေလို့ သွားပြောရတဲ့နေ့က
ဘ၀ကို တစ်ဆစ်ချိုးသွားရတဲ့နေ့ဘဲပေါ့။
တတိယနှစ်မှာ တစ်ယောက်ခန်းနေခွင့်ရပြီး တစ်ယောက်တည်း စိတ်ဓါက်တွေ ပျက်ပြားခဲ့တဲ့အချိန်ပေါ့။
ကျောင်းစာထက် အပြင်စာတွေ ဖတ်ပြီး ကျောင်းပြင်ပ ဘ၀အတွက် ပြင်ဆင်နေချိန်ပေါ့။

ဘွဲ့တခုရင် ပြီးတာပါဘဲလေလို့ စိတ်ကိုလျော့ချပြီး တတိယနှစ် ကံကော်ဆောင် ကို နှုတ်ဆက်ချိန်ပေါ့
သိန်းသိန်းတိုးက ငါပစ္စည်းတွေ သိမ်းထားလို့ နင့်အခန်းလာအိပ်လို့ရမလားတဲ့
အိုကေ ရပါတယ်ပေါ့ ကျွန်မက မွေ့ယာနဲ့ အိပ်တတ်တဲ့သူ
ညလည်မှာ ကျောအောက်ကအေးလာတော့မှ သိန်းတိုး သေးပေါက်မှန်းသိရပြီး
ညအေးကြီးမှာ ရေတွေ ထ ချိုးကြရတယ်။
ဝမ်းနည်းစွာ မနှုတ်ဆက်ရဘဲ ရီမောခဲ့ကြရတယ်။

အဆောင်ပေါ်လစီ အသစ်အရ နောက်ဆုံးနှစ် စီးပွားရေးပညာရှင်တွေ အားလုံးကို
တစ်စုတစ်စည်းထဲ မာလာဆောင်မှာ ထားမယ်တဲ့

နောက်ဆုံးနှစ် ဆရာမကြီးများအားလုံး မာလာဆောင်မှာ ကဲခွင့်ရသွားကြပါတယ်။

တတိယနှစ်ဖြေပြီးကတည်းက နောက်ဆုံးနှစ်တော့ အခန်းဖော် စိတ်ကြိုက်လေးရွေးဦးမှလို့
တေးထားခဲ့ပြီး

ကျွန်မနဲ့ ကျူရှင် အတူတက်တဲ့ မိမိမြတ်နဲ့ နေမယ်လို့ စဉ်းစားထားခဲ့တယ်။

ဒါပေမဲ့ အညာသူသူငယ်ချင်းအရင်းတွေက သူတို့နဲ့သာ အတူမနေနိုင်တာ ကျွန်မရွေးထားတဲ့
အခန်းဖော်က အညာသူမဟုတ်လို့တဲ့

သူတို့အညာက တစ်ယောက်နဲ့နေဘို့ နားချကြပါတယ်။

နောက်ဆုံး ပစ်တင် သတိပေးတာကတော့ ငါတို့ အညာကလူနဲ့မနေရင်
နင့်အခန်းကို လာမလည်ဘူးတဲ့

ကျွန်မလဲ အညာအုပ်စုကို မလွန်ဆန်နိုင်တာနဲ့ သူတို့ ရွေးချယ်ပေးတဲ့ တခါမှ မမြင်ဘူးတဲ့
အညာသူ ခရစ်ယာန် ခင်စန်းကြည်နဲ့ အခန်းဖော် လုပ်လိုက်ရပါတော့တယ်။

ခင်စန်းကြည်က ဂစ်တာကို ကျွမ်းကျင်စွာ တီးနိုင်ပြီး အသံလဲ အရမ်းကောင်းတာမို့
ကျွန်မ စိတ်ရှုပ်တဲ့အခါတိုင်း သူက သီချင်းတီးပြတတ်ပါတယ်။

မိုးတွေအရမ်းရွာနေတုန်း  အင်းလျားကန်ဘောင်မှာ ရခိုင်မုန့်တီ သောက်ရအောင်လို့
သူ့ကို အတင်းခေါ်သွားသောက်ခဲ့ပြီး အဲဒီည တရေးနိုးမှာတော့
ငါ့ကို ဆေးရုံသာ ပိုကြပါလို့ တောင်းဆိုခဲ့ရတယ်
မရည်မွန်ကတော့ ကျွန်မ တညလုံးအန်တာကို
ပွဲကြည့်သလို စိတ်ထားပြီး ထိုင်ကြည့်နေခဲ့တယ်တဲ့

အားကျိုးမာန်တက်မရှိလှတဲ့ နောက်ဆုံးနှစ်ကို ငွေစက္ကူတွေ သိမ်းပြီး
အဆောင်တံခါးပိတ်သွားပါတယ်။

စိတ်အပူအပင်ကင်းလှတဲ့ အဆောင်သူဘ၀ ကနေ လုပ်ငန်းခွင်ထဲကို
ရောက်ခဲ့ရတာ 1987 ကတည်းကပေါ့............