Tuesday, August 25, 2009

so simple

ဒီနေ့ ကျွန်မရုံးက ဒါရိုက်တာနဲ့စာရင်းတစ်ခုကိစ္စဆွေးနွေးရင်း
သူမက ကျွန်မကို မှတ်ချက်ပေးပါတယ်။
Your thinking is so simple. တဲ့
အကောင်းမြင်စိတ်နဲ့တွေးမယ်ဆိုရင်တော့
မင်းအတွေးက သိပ်ရိုးတယ်ပေါ့လေ။
တဖက်က ပြန်တွေးရင် မင်းသိပ် အ တယ်ပေါ့။
လူကြီးဆိုတော့ ပြုံးပြီးပြန်ကြည့်ခဲ့ပါတယ်။
မြန်မာစကားမှာ ရိုးလွန်းတော့ အ တယ်လို့ရှိပါတယ်။
ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်းကို ဖတ်ရတုန်းက
ဂုဏ်တွေထဲမှာ ရိုးဂုဏ်ကို အကြိုက်ဆုံးပါတဲ့။
သူ့ဘ၀တစ်လျှောက်လုံးမှာလဲ ရိုးရိုးလေးနေသွားတာကိုဖတ်ပြီး
အားကျခဲ့ဘူးပါတယ်။
ကျွန်မတို့အသက်တွေက 40 ကျော်တွေမို့
အတွေ့အကြုံတချို့ကိုဖြတ်သန်းရင်း
လှည့်ကွက်တွေကို သိခဲ့ရသလို ကိုယ်တိုင်လည်းမသိစိတ်နဲ့
လှည့်ကွက်တစ်ချို့လုပ်ခဲ့မိတာတွေရှိခဲ့ပါတယ်။
ကိုယ်လုပ်ရပ်တွေကို ပြန်စောင့်ကြည့်တတ်တဲ့အရွယ်က စပြီး
သိစိတ်နဲ့မလုပ်မိဘို့ အမြဲတမ်းကျိုးစားခဲ့ရပါတယ်။
တခါတလေမှာ အမှန်ဘက်က ရပ်ဘို့ကိုလည်းတော်တော်လေး
စဉ်းစားရခက်တာတွေ ကြုံခဲ့ရဘူးပါတယ်။
ကျွန်မတို့အရွယ်တွေမှာ လူတွေက ရိုးသားဘို့ကျိုးစားနေသူတွေနဲ့
ရိုးသားချင်ယောင်ဆောင်သူတွေ ဆိုပြီး
အုပ်စုနှစ်ခုသာရှိကြောင်း သူငယ်ချင်းတွေနဲ့ အပြင်းအထန်ဆွေးနွေးခဲ့ဘူးပါတယ်။
ကျွန်မကတော့ ရိုးသားဘို့ကျိုးစားနေပါတယ်လို့ အမြဲပြောခဲ့မိပါတယ်။
ရိုးသားပါတယ်လို့တော့ အာမရဲရဲခံနိုင်တဲ့ အခြေအနေကိုမရောက်သေးပါ။

ကျွန်မ ပထမဦးဆုံးစာရင်းကိုင်လုပ်ရတဲ့ဘ၀ကို ပြန်စဉ်းစားမိပါတယ်။
ဘ၀ စကတည်းက ပြောင်းပြန်ပါ။
စာရင်းကို သေချာမဆွဲတတ်ခင်ကတည်းက ပြောင်းပြန်စာရင်းနဲ့ စတင်ခဲ့ရပါတယ်။
စာရင်းမှာ နောက်ဆုံးမှ အရှုံးအမြတ်ဆိုတာဖြစ်လာပြီး လက်ကျန်ရှင်းတမ်းနဲ့ပိတ်သွားတာ
စာရင်းကိုင်လုပ်သူတိုင်းသိပါတယ်။
ကျွန်မအဖြစ်က အမြတ်ကစဆွဲရတဲ့အဖြစ်ပါ။
ဒီနေ့ အမြတ် ဘယ်လောက်ပြမယ်လို့ ဆိုင်မန်နေဂျာရဲ့အဆုံးအဖြတ်ကို မူတည်ပြီး
Sales/Purchase/Costing ကို ပြန်တွက်ခဲ့ရတဲ့ အစိုးရဌာနတစ်ခုပါ။

နောက်ပြီး ကျွန်မစာရင်းကိုင်လုပ်သက် 20ကျော်အတွင်းမှာ
Myanmar Company လောကရဲ့ ထုံးစံအတိုင်း
Actural
Audit
Bank Loan
MICB.............etc
ဆိုပြီး လုပ်ငန်းတစ်ခုတည်းအတွက် စာရင်းပေါင်းများစွာပေးခဲ့ရဘူးပါတယ်။

တနေ့တည်းမှာ Audit နဲ့ Bank Loan အတွက် သွားရတဲ့နေ့ဆိုရင်
စိတ်ထဲမှာ ရီချင်နေပါတယ်။
Audit အခွန်နည်းအောင် အရှုံးပြပြီး။
Bank Loan ရအောင် အမြတ်ပြရတာမို့။
အင်း................Your thinking is so simple ဖြစ်အောင်
ကျွန်မ ဘယ်လောက်ကျိုးစားထားရတယ်ဆိုတာ...............

4 comments:

  1. ဟဟဟ မမရေ...အဲ့ဒါတွေပဲ...အဲ့ဒါတွေကြောင့်ပေါ့.... ကိုယ်ကတော့ ရိုးသားဖို့ ကြိုးစားတာပါပဲ...အခြေအနေတွေက... ကြိုးစားနေတယ် ဆိုတဲ့ အဆင့်က မတတ်ပဲ ဖြစ်နေတယ်..။ ရိုးသားတယ်လို့ ပြောလို့ မရဘူး ဖြစ်နေတာ ခတ်တယ်...။း)) ။ ဒါပေမယ့် တို့မမ က ရိုးသားတာ သိပါတယ်..။

    ReplyDelete
  2. အင်းး မမရေ ပြောရတာ ခက်သားနော်။
    တစ်ခါတစ်လေတော့လဲ နေရာတိုင်းမှာ ရိုးသားချင်ပေမဲ့ ရိုးသားခွင့် မရဘူး။

    ReplyDelete
  3. အစ်မ ရေးထားတာလေးတွေက အရမ်းရိုးသားပြီး ချစ်ဖို့ကောင်းတယ်။ ဒီနေ့မှ စဖတ်မိပေမယ့်တထိုင်ထဲအကုန်ဖတ်သွားမိတယ်။

    ReplyDelete
  4. ကြိုက်တဲ့ ရွက်ပုန်းသီးစာရင်းထဲမှာ မပဲခူးသူလည်း ပါတယ်..။

    ReplyDelete