Sunday, April 18, 2010

စတိုင်ကျတဲ့ မြိုင်ထတဲ့

စလုံးကို သယောဇဉ်မကုန်သေးတာနဲ့ သင်္ကြန်အကြပ်နေ့မှာ ထွက်လာခဲ့ပါတယ်။

သူငယ်ချင်းတွေကတော့ မြှောက်ပေးကြပါတယ်။

ဒီအချိန် စလုံးကိုလာတာ သူဌေးတဲ့
အခုထိ အိမ်ခန်းတခန်းတောင် အပိုင်မရှိသေးတဲ့ဘ၀ကို သူတို့မို့သူဌေးလို့
တင်စားရက်ကြတယ်။

ဘာဘဲဖြစ်ဖြစ် သူတို့သူငယ်ချင်းသူဌေးကို ၀ိုင်းပြုစုကြတာပါဘဲ။

လွန်ခဲ့တဲံနှစ်လလောက်ကတည်းက စွယ်တော်ရိပ်အငြိမ့်ကို ကြည့်ဘို့
သူငယ်ချင်းတစ်ယောက်က လက်မှတ်ဝယ်ထားတာနဲ့
နှစ်ဆန်းတရက်နေ့မှာ သွားကြည့်ဖြစ်ပါတယ်။

ပညာတတ်တဲ့လူတွေ အနုပညာလုပ်တော့ ပိုပြီး အသက်ဝင်တယ်လို့ပြောရင်
ဝိုင်းဆဲတာကို ခံရမယ်ထင်ပါတယ်။

ORGANIZED BY EX-RIT တဲ့

ပွဲအပြီးမှာစကားလုံးတစ်လုံး စိတ်ထဲကို ရောက်လာပါတယ်။

စတိုင်ကျတဲ့ မြိုင်ထ တဲ့

စတိုင်ဆိုတဲ့ စကားလုံးကို အက မြိုင်ထ နဲ့တွဲလိုက်တာ လှသွားတယ်လို့ ခံစားရပါတယ်။

မြိုင်ထ ကိုအရင်က ယောက်ကျာင်္းမင်းသမီး အောင်ဗလနဲ့ မင်းသား ကတုံးစိန် တို့တွဲကကြတာပါ။

အခုလည်း ယောက်ကျာင်္းမင်းသမီး ကိုသြဘာ တဲ့

အောင်ဗလကို မမှီလိုက်တော့ သူဘယ်လောက်ကောင်းတယ်ဆိုတာ မသိပေမဲ့
အင်ဂျင်နီယာ ကိုသြဘာကတော့ တကယ့်ကို မင်းသမီး အိုက်တင်အပြည့်နဲ့
ကလိုက်တာ ဒါ မြန်မာပါလို့ ဂုဏ်ယူချင်စိတ်တောင်ပေါက်သွားခဲ့ပါတယ်။

တကယ့်ကို စတိုင်ကျတဲ့ မြိုင်ထ မို့ပါ။

ရန်ကုန်မှာသာဆိုရင် ဒီလိုသင်္ကြန်ကာလမှ မြိုင်ထနဲ့မတွေ့နိုင်ပါဘူး။

DJ တွေကိုတော့ ခပ်လွယ်လွယ်တွေ့နိုင်ပါလိမ့်မယ်။

တကယ်တော့ ကိုယ့်မြေမဟုတ်တဲ့နေရာမှာ ကိုယ့်ယဉ်ကျေးမှုကို ပြနိုင်ဘို့ဆိုတာ
မလွယ်ကူတဲ့ ကိစ္စမို့ စွယ်တော်ရိပ်အဖွဲ့ကို လေးစားဂုဏ်ယူနေမိတယ်။

အပြင်ရောက်နေတဲ့လူတွေက ကိုယ့်ရိုးရာကို တတ်နိုင်သမျှထိန်းသိမ်းနေပေမဲ့
အတွင်းကလူတွေကတော့........................................

2 comments:

  1. ညီမလည်း သွားကြည့်ဖြစ်ပြီး အဲဒီအကကို တော်တော် သဘောကျလာတယ်။ ငယ်ငယ်က ကျောင်းကပွဲမှာ မြေဝိုင်းအက ဆိုပြီး ကြည့်ခဲ့တာနဲ့ တူတူပဲ။
    အားလုံးတော်ကြတယ်။ ကိုသြဘာရဲ့ အကကတော့ အထူးပေါ့

    sdl

    ReplyDelete
  2. မမ ရေ.... စွယ်တော်ရိပ် ကို သူများတွေက ကောင်းတယ်လို့ တော်တော်ချီးကျူးကြတယ်....နောင့် တော့ နောက်နှစ် ဒီမှာ ရှိသေးရင်...သွားကြည့်ဖို့ ဆုံးဖြတ်ထားတယ်း)

    ReplyDelete