Wednesday, April 28, 2010

casino

ကျွန်မမိတ်ဆွေ စကာင်္ပူနိုင်ငံသားခံထားတဲ့တစ်ယောက်ကပြောတယ်။

2010 ပထမ သုံးလပတ်မှာ GDP 13% တက်သွားတယ်တဲ့။
casino ဖွင့်လိုက်လို့တဲ့။

ကြည့်ပါဦး ကစားတဲ့နေရာလေးတစ်ခုဖွင့်တာနဲ့တိုင်းပြည်ဝင်ငွေ
တက်သွားတယ်ဆိုတော့

စာရင်းကိုင်ကျွန်မ casino ကို စိတ်ဝင်စားတာ မဆန်းပါဘူးနော်။

သူငယ်ချင်းတွေကို သွားရအောင်လို့ အဖော်စပ်တော့
Citizen နဲ့ PR တွေက အတင်းငြင်းကြတယ်။

နောက်မှသိရတာက Citizen ,PR တွေဆို ၀င်ကြေး S$ 100 ကိုး
Foreigner နဲ့ အခြား pass တွေ ကိုင်ထားတဲ့သူဆို Free တဲ့။

စလုံးမှာ free ရတာဆိုလို့ ဒါဘဲရှိတာဆိုပြီး
သူငယ်ချင်းတွေနဲ့ casino ကိုသွားခဲ့တယ်။

မသွားခင် တစ်ယောက်က သတင်းပေးသေးတယ်။

D 2 လုံး Free တဲ့
Drink နဲ့ Dance ပေါ့။

မကတတ်ပေမဲ့ တို့က သောက်တတ်ပါတယ်လေဆိုပြီး
casino ရှိတဲ့ sentosa ဘက်ကူးခဲ့တာပေါ့။

ကြားရက်မို့ လူနည်းမယ်ထင်ထားတာ
အားပါးပါး ခန်းမတွေမှာ အပြည့်နီးပါးရှိနေတာတွေ့ရတယ်။

လောင်းကစားဝိုင်းတွေက အများကြီးဘဲ
အရင်က ဟောင်ကောင်ရုပ်ရှင်တွေထဲမှာတွေ့ခဲ့ဘူးတဲ့အတိုင်း
ကောဇောတွေအပြည့်ခင်းထားပြီး အေးပြီးမွှေးနေတဲ့ ခန်းမကြီးတွေပေါ့။

ကျွန်မက camera ထုတ်ရိုက်မယ်လုပ်တော့ security တစ်ယောက်ကတားတယ်။

ကျွန်မက 21 ၊ပိုကာ လောက်သာသိတာကိုး။

မသိတဲ့ကစားနည်းတွေအများကြီး

လူတွေလည်းအများကြီး

ဒါပေမဲ့ အာရုံစူးစိုက်မှုတွေနဲ့
ခန်းမကြီးက တိတ်ဆိတ်နေတယ်။

S$ တွေကတော့ ၀ိုင်းတိုင်းမှာ ဖွေးနေတာပါဘဲ။

ဒိုင်လုပ်တဲ့ လူတွေကလည်း ဆင်တူဝတ်စုံတွေနဲ့
လက်ကလေးတွေကလှမှ လှပေါ့။

အဲဒီလက်ကလေးတွေနဲ့
လောဘတကြီးရောက်လာတဲ့လူတွေဆီက ငွေတွေကို
သိမ်းယူသွားကြတာထင်ပါတယ်။

ကျွန်မလား အေးနေတဲ့ခန်းမကြီးထဲမှာ မွှေးတဲ့ကော်ဖီတစ်ခွက်သောက်ပြီး

အဲဒီဝိုင်းတွေထဲက ပြန်ထွက်လာခဲ့တယ်။

6 comments:

  1. နဲနဲလောက် စမ်းကြည့်ခဲ့ပါလား မမရယ်...တိုင်းပြည်ဝင်ငွေ တကယ်တက်တာ ဟုတ်မဟုတ်သိရအောင်... :D

    ReplyDelete
  2.ွှအစမ်းကောင်းလို့ နောင့်နောင့် ၁၅၀ ပါတာ မမှတ်ဘဲ မမကိုမြှောက်ပေးနေတယ်

    ReplyDelete
  3. နောင့်နောင့် မမှတ်သေးဘူး ... :P

    ReplyDelete
  4. ညီမရေ။ စလုံးအကြောင်း ဗဟုသုတရစရာလေးတွေ ထပ်ရေးပါဦး။ မထွက်နိုင်သေးတော့ မစားရအညှော်ခံရအောင်။ အာရှကျားကြီးဆိုတော့ စိတ်ဝင်စားမိလို့ပါ...

    ReplyDelete
  5. မရောက်ဘူးသေးဘူး

    ReplyDelete
  6. khinoomay77@gmail.com

    သူငယ်ချင်းမဖြစ်ချင်ဘူးလား. ဟိုတစ်ခါ မေးလ်ပို့တာ ပြန်ရောက်လာတယ် လိပ်စာမှားတယ်တဲ့။

    ReplyDelete