Sunday, April 18, 2010

အလွဲတစ်ခုပါ

ကျွန်မက အလုပ်တစ်ခုဆိုရင် အချိန်ယူပြီးကြိုလုပ်တတ်တယ်။
ရာဇ အိနြေ္ဒမပျက်အောင်ပေါ့။
စလုံးကို သင်္ကြန်အကြပ်နေ့လာမယ်ဆိုတော့ လေယာဉ်က 10:10AM ပေမဲ့
အိမ်ကနေ ၈နာရီမှာထွက်ခဲ့တယ်။
ကောင်တာဖွင့်တာနဲ့ပစ္စည်းအပ်ပြီး အထဲမှာ ၀င်ထိုင်နေလိုက်တယ်။
ကျွန်မလေယာဉ်လက်မှတ်မှာ Gate 3 လို့ရိုက်ပေးလိုက်လို့ Gate 3 ရှေ့မှာပေါ့။
9:45 အထိအခြားလေယာဉ်စီးမဲ့လူတွေ ရောက်မလာလို့
နည်းနည်းဇဝေဇ၀ါဖြစ်လာတယ်လေ။
အဲဒါနဲ့ ထွက်မေးကြည့်တော့ Gate 1 ကိုပြောင်းလိုက်တယ်တဲ့။
ရာဇအိနြေ္ဒမပျက်ချင်ပါဘူးဆိုမှ နည်းနည်းတော့ ပျက်လိုက်ရသေးတယ်။
မကျန်ခဲ့တဲ့အတွက် လွဲလွဲလေးဘဲကောင်းပါတယ်ပေါ့။

2 comments:

  1. အယ်...Gate 3 လို့ သူတို့က မှားရိုက်လိုက်ပေးမှတော့.... သူတို့ လွဲတာပေါ့...း)) တော်သေး...မကျန်ခဲ့တာ

    ReplyDelete
  2. မမ .... စလုံးက မပြန်ခင် www.shwewahoo.com ကို လင့်ပြောင်းသွားပါနော်။ မပြင်ခင် လင့်ပြောင်းချိတ်ပေးဖို့ ပိုစ့်တစ်ပုဒ်ရေးသွားပေါ့း))

    ReplyDelete