Wednesday, April 28, 2010

ကမ်းခြေအလွဲ

ကျွန်မက ကမ်းခြေတွေကို ချစ်တယ်။

အဲဒါကို သိတဲ့သူငယ်ချင်းတွေက မလုပ်တွေကနေခွင့်ယူပြီး
ကမ်းခြေနဲ့ကျွန်းတွေကို လိုက်ပို့ကြတယ်။

East Coast ကို ပထမတစ်ခေါက် ညဘက်ကြီးရောက်သွားခဲ့ဘူးတယ်။

ဒီတခါတော့ ညနေခင်းလေးသွားရအောင်ဆိုပြီး
သူငယ်ချင်းတစ်သိုက် Bedok MRT မှာ ညနေ (4)နာရီချိန်းကြတယ်။

ပြီးတော့ Bedok Inter Change ထဲကနေ Bus No.401 စီးပြီးသွားကြမယ်ပေါ့။

မတွေ့တာကြာတဲ့သူငယ်ချင်းတွေ 401 ကားဂိတ်မှာ စကားတွေ အတင်းလုပြောလိုက်ကြတာ
နာရီဝက်ကျော်ကြာသွားတယ်။

သူငယ်ချင်းတစ်ယောက်က မှတ်ချက်ပေးတယ်။
ကားတွေ ပြတ်တယ်နော်တဲ့။

စကားတွေ ဆက်ဖောနေလိုက်ကြတာ
ခဏနေမှ ကားမှတ်တိုင်ကို မော့ကြည့်မိတယ်။

မှတ်တိုင်မှာရေးထားတာက
Sat , Sunday and Public Holidays တဲ့။

ကျွန်မတို့သွားတာ ကြားရက်မို့ 401 ကားမလာဘူးပေါ့။

ရတယ်လေ သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးပေါ့။
taxi ငှားသွားမယ်ဆိုပြီး ကားလမ်းမဘက်ကို ထွက်ခဲ့တာ။
စကားတွေက အပြောမပျက် အရီမပျက်ပေါ့။

taxi သမားက ဘယ်လဲတဲ့
East Coast ပေါ့။
Sea View လားလို့ပြန်မေးတယ်။
Yes. ပေါ့။

ကားပေါ်မှာလဲ စကားတွေဆက်ပြောပေါ့။

နောက်ဆုံး taxi ထိုးရပ်လိုက်မှ ကျွန်မတို့ မျက်ရည်ထွက်အောင်
ရယ်လိုက်မိတော့တယ်။

East Coast Sea View Hotel လား Condo လားမသိဘူး
အဲဒီကို ပို့လိုက်တာလေ။

အဲဒီတော့မှ စကားတွေ အသာရပ်ပြီး taxi သမားကို ငါတို့သွားချင်တာ
Beach လို့ ထပ်ပြောမှ
သူက Park လားလို့ ပြန်လုပ်နေသေးတယ်။

ပုံမှန် taxi ခထက် 2ဆ လောက်ကျပြီးတော့မှ
ကျွန်မတို့သွားချင်တဲ့ ကမ်းခြေကို ရောက်သွားပါတော့တယ်။

အလွဲပေါ်ကို အလွဲထပ်ဆင့်လိုက်တော့ နေညိုချိန်မှ ကမ်းခြေကိုရောက်ပါတော့တယ်။

စလုံးက beach ကို park တဲ့
နားမလည်တော့ပါဘူး။

3 comments:

  1. :D ...နောက်ဆုံးတော့လဲ ... ကိုယ်လိုတဲ့နေရာရောက်...ပြီးသွားတာပဲနော်..အမှတ်တရပေါ့....ဒါပေမယ့် အရေးကြီးတဲ့ Appointment တစ်ခုဆိုရင်တော့...မဖြစ်ချေဘူးး))

    ReplyDelete
  2. post အသစ်လေးတွေ တင်ပါဦး။ အားတာတော့ မအားကြဘူးပေါ့။ ဒါပေမယ့် စလုံးအတွေ့အကြုံလေးတွေ request လုပ်ထားတာ မတင်သေးဘူးနော်...

    ReplyDelete
  3. မရောက်ဘူးသေးဘူး

    ReplyDelete