Thursday, December 17, 2009

ပြုံးနေတဲ့ မျက်ဝန်း

ကျိုက်ထီးရိုးကနေ ရသေ့တောင်ကို ခြေလျင်ဆင်းတော့ လမ်းမှာ ဈေးရောင်းတဲ့ ဆိုင်ကလေးတွေက အမျိုးသမီးတွေရဲ့ မျက်နှာတွေကို သေချာကြည့်ဖြစ်တယ်။
အမျိုးသမီးငယ်တစ်ယောက်ဆို အသက် 25နှစ်ပတ်ဝန်းကျင်ဖြစ်မယ်ထင်ပါတယ်။ သနပ်ခါးလိမ်းထားပြီး မျက်နှာကလဲ ကျန်းမာရွှင်လန်းတဲ့ပုံပေါက်တယ်။
လောကြီးမှာ ရှိနေတာကို ကျေနပ်ပြီး သူမျက်လုံးကိုကြည့်လိုက်တော့ ကြည်စင်နေတာကိုတွေ့ရတယ်။
ဒီလိုတောထဲမှာ ဆိုင်သေးသေးလေးဖွင့်ပြီး ဈေးရောင်းနေရတဲ့သူတစ်ယောက်မှာလဲ အဲဒီလိုမျိုး စိတ်ကျေနပ်မှုမျိုး ရှိနေတာအံသြစရာ မဟုတ်ပေမဲ့ အားကျခဲ့မိတယ်။
Oversea မှာ Shopping Mall တွေ အများကြီးရောက်ခဲ့တယ်။ ခေတ်မှီလှပတဲ့အမျိုးသမီးတွေကိုလည်း မြင်ခဲ့ရဖူးတယ်။
ဒါပေမဲ့ လန်းဆန်းပြီး လောကကို ကျေနပ်တဲ့မျက်ဝန်းမျိုးကို မတွေ့ခဲ့ရဘူး။
လူတွေက ရီကြတယ်။ ပြုံးကြတယ်။ တချို့ မျက်နှာပြင်မှာ အပြုံးကို တွေရတယ်။ တခါတလေ နှုတ်ခမ်းမှာ ပြုံးတာကို တွေ့ရတယ်။ ဒါအများဆုံးပါဘဲ။
မျက်ဝန်းမှာပါ ပြုံးတတ်တဲ့လူမျိုးကို မတွေ့ရသလောက်ရှားတယ်။
ကိုယ်တိုင်တောင် မျက်ဝန်းမှာ ပြုံးမိသလား မသေချာတော့ဘူး။
အခုတော့ ကျိုက်ထီးရိုးအဆင်းကလမ်းပေါ်က အအေးဗူးတွေရောင်းတဲ့ဆိုင်ကလေးက အမျိုးသမီးငယ်လေးရဲ့ ပြုံးနေတဲ့ မျက်ဝန်းကို အားကျစိတ်နဲ့ မြင်ယောင်နေမိတော့တယ်။

1 comment:

  1. မမ ရေ...ကြိုးစားကြည့်တာပေါ့.... အသက်ပါတဲ့ အပြုံး နဲ့ ပြုံးနေတဲ့ မျက်ဝန်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့ကိုလေ...။

    ReplyDelete