Thursday, September 10, 2009

ခိုင်ညွှန့်-စာအုပ်မေတ္တာလက်ဆောင်တောင်းသူသို့

သူငယ်ချင်းတစ်ယောက်က ကျွန်မဘလော့ကို ၀င်ကြည့်ပြီး
နင်ကြီးလာရင် စာရေးဆရာ လုပ်ပါလားတဲ့။
ငါ့ကိုလည်း မေတ္တာလက်ဆောင်စာအုပ်ပေးနော်တဲ့။
ပြောပုံက
အော် သူ့ခမျာ မြန်မာစာပေလောက တည်တန့်နေတာကို မကြည့်ရက်ဘူးထင်ပါရဲ့။

ကြီးလာရင်ဆိုတော့ အခု ကျွန်မအသက်က သိပ်မကြီးသေးဘူးလို့
သူထင်ထားမှာပေါ့ သူနဲ့ ရွယ်တူကိုး။

သူမေတ္တာလက်ဆောင်စာအုပ်တောင်းလိုက်တဲ့ခဏမှာ ကျွန်မသတိရလိုက်တာက
စာပေအနုပညာလောကကို သရော်ထားတဲ့ ကာတွန်း Mg Wunna ( မြန်မာလို့ မရိုက်တတ်လို့)ရဲ့
ကာတွန်းတခုကိုပါ။

ခေါင်းစဉ်က ခွက်ဖြစ်ခြင်းတဲ့

Mg Wunna ရဲ့ထုံးစံအတိုင်း သမိန်ပေါသွပ်နဲ့ အာတာလွတ်မြို့စားကြီးပေါ့
သမိန်ပေါသွပ်ရှေ့မှာ အာတာလွတ်မြို့စားကြီးက လေလည်တာ အသံကျယ်သွားတော့
သမိန်ပေါသွပ်က မြိ့စားကြီးလေလည်တာတောင် ဒီလောက် အသံအောင်ရင်
စီရီးသွင်းလိုက်ရင် အသံသိပ်ကောင်းလို့ အောင်မြင်မှာလို့ မြှောက်ပေးလိုက်တယ်။
မြို့စားမင်းဆိုတာတွေကလည်း သိပ်ဦးနှောက်ရှိတာတွေမှ မဟုတ်တာ
အောက်ကလူတွေမြှောက်ပေးရင် အကုန်လုပ်တတ်တာက ခပ်များများမို့လား

မြို့စားမင်းက မေးတယ် အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရလားတဲ့

သမိန်ပေါသွပ်က ပြန်ဖြေတယ် အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရပါတယ်တဲ့။

အဲဒီလိုဆရာတပည့်အပေးအယူတည့်ပြီးနောက်မှာ မြို့စားမင်းစီးရီးထုတ်ဘို့
သမိန်ပေါသွပ်ကို လွဲအပ်လိုက်တာပေါ့။ နိုင်ငံတော်ငွေထဲက စိတ်ကြိုက်ယူသုံးပေါ့။
မြို့စားမင်းကိုလည်းမင်းသမီးတွေနဲ့ အခြားလူတွေက MTV ရိုက်နေကြတာမို့
အပြောင်းအလဲဖြစ်အောင် အခြောက်တွေခေါ်သုံးပေါ့

စီးရီးလည်းပြီးရော မြို့စားမင်းလည်း ပိုင်တာဆိုလို့
ခွက်တစ်ခုဘဲကျန်တော့တယ်တဲ့

အဲဒါနဲ့
မြို့စားမင်းက မေးတယ် သမိန်ပေါသွပ်ကို သူ့စီရီးဘယ်လိုဖြန့်ထားတုန်းပေါ့

မြို့စားမင်းအမိန့်သုံးပြီး မယူမနေရစံနစ်နဲ့ အခမဲ့ဖြန့်ထားကြောင်း ပါတဲ့။

အဲဒီတော့ မြို့စားမင်းက ပြောတယ် မင်းအစတုန်းက ပြောတာက
အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရတယ်ဆိုပေါ့

သမိန်ပေါသွပ်က ပြန်ပြောပါတယ်။

မှန်လှပါ မြို့စားမင်း အနုပညာဆိုတာ ငွေနဲ့ဝယ်လို့ရပါတယ်။

ဟဲဟဲ ပြန်ရောင်းလို့သာ မရကြောင်းပါ တဲ့။

ကဲသူငယ်ချင်း ငါစာရေးပြီး အားလုံးကို အခမဲ့ဝေ၊ လဘက်ရည်တိုက်ဘို့အတွက်
ပိုတ်ဆံစုလိုက်ပါဦးမယ်။
လောလောဆယ်မှာတော့ တာဝန်ယူရမဲ့ လူတွေရှိနေလို့
အာတာလွတ်မြို့စားမင်းလို ခွက်ချည်းကျန်နေလို့ မဖြစ်သေးပါကြောင်း။

3 comments:

  1. စာအုပ်ထုတ်ရင် ရှုံးမယ် မြတ်မယ်တော့ မပြောတတ်ပေမယ့်
    စာရေးကောင်းသူတစ်ယောက်လို့ သတ်မှတ်ထားပါတယ်..။

    မေဇင်ရဲ့ဘလော့မှာ လင့်ချိတ်ထားတာကိုတွေ့ရာက ရိုးရိုးရှင်းရှင်းစာရေးပုံလေးကြိုက်လို့ အသစ်တွေ့တိုင်း မပျက်မကွက်လာဖတ်ဖြစ်တာပါ။

    ReplyDelete
  2. ဟဟဟဟ မမရေ.... နောင့် လဲ တန်းစီထားပါတယ်..။ မမ ရေးတဲ့ စာအုပ်တွေ မထွက်ခင်...မမ ၀ယ်စုထားတဲ့ စာအုပ်တွေတော့ ပေးလို့ရတယ်နော်....း))။

    ReplyDelete
  3. လက်ဆောင်များများ ဝေရင် Marketing များများ လုပ်ပြီးသား ဖြစ်လို့ အရောင်း ပိုတက်မှာပါ ပဲခူးသူရေ

    ReplyDelete