Tuesday, September 15, 2009

ဗိုက်ပူခြင်း

သူငယ်ချင်းတွေကြားမှာ ပြောကြတဲ့စကားတစ်ခုရှိပါတယ်။
ဗိုက်ပူမှ ကြိုက်သူ ရှိမယ် ဆိုတာလေ။
အဲဒီစကားက ကျွန်မနဲ့အလှမ်းကွာဝေးလှပါတယ်။
အသက် 40 အထိ ပေါင် 100 ပတ်ဝန်းကျင်လောက်မှာဘဲရှိပြီး
ပိန်ညှောင်နေတဲ့ ကျွန်မက ဗိုက်ပူတယ်ဆိုတာ ကိုယ်နဲ့မဆိုင်သလိုနေခဲ့မိပါတယ်။

စင်ကာပူရောက်ခါစက သူငယ်ချင်းတွေ ပြန်တွေ့ရင်
အားလုံးက ၀ လာတဲ့ လူတွေမို့
ကျွန်မတွေ့တွေ့ချင်း ၀ လာလိုက်တာ လို့ နှုတ်ဆက်လေ့ရှိပါတယ်။

သူငယ်ချင်းတစ်ယောက်ကတော့ ပြန်ပြောသွားပါတယ်။

လူဝပြီး စိတ်ပိန်တယ် ဟေ့ တဲ့
ဟုတ်မှာပါလို့ စိတ်ထဲ တေးထားလိုက်ပါတယ်။

ကျွန်မက ဘောင်းဘီကို ချက်အောက်လျှောဝတ်တဲ့လူတွေကိုတွေ့တိုင်း
သူတို့ထိုင်လိုက်ရင် နောက်ကနေ အမြင်မတော်တာမို့
အော် ဒုက္ခလို့ အမြဲ အမြင်ဆင်းရဲလေ့ ရှိပါတယ်။

ဒါပေမဲ့ ရောက်ပြီး တစ်နှစ်လောက်အကြာမှာတော့
ဗိုက်ပူတဲ့ လူတွေကိုရော
ဘောင်းဘီချက်ပြုတ် ၀တ်တဲ့တွေကိုရော
နားလည်လာပါတော့တယ်။

အသက်အရွယ်အရ

သွားစရာနေရာမရှိလို့ အလုပ်စားပွဲမှာ တနေကုန်ထိုင်ရ

ကျန်းမာရေးကောင်းမှဆိုပြီး နေ့တိုင်း ပဲနို့ရည်သောက်

ဆာဆာ မဆာဆာ အချိန်ကျရင်စားနဲ့

ကျွန်မလဲ ကြိုက်သူမရှိတဲ့အရွယ်ရောက်မှဘဲ ဗိုက်ပူလာပါတော့တယ်။

ကဲ
ဗိုက်ပူတော့ ဘောင်းဘီတွေက ခါးကနေ ရင်ခေါင်းတက်
ထိုင်လိုက်ရင် ဘေးကွဲနဲ့
အသစ်ဝယ်ဘို့ ကျိုးစားရပါတော့တယ်။

အသစ်ဝယ်ပြန်တော့လည်း ချက်ပြုတ်တွေမို့
ကျွန်မ ဂျီးများနေပေမဲ့
နောက်ဆုံး မဖြစ်တော့တာမို့
မျက်စီမှိတ်ပြီး ချက်ပြုတ် တစ်ထည် ၀ယ်လိုက်ပါတော့တယ်

အိမ်ရောက်မှ သေချာဝတ်ကြည့်လိုက်တော့
အိုး
သူက ပူနေတဲ့ ဗိုက်အောက်ကို ရောက်သွားတာမို့
အရင်တုန်းကထက် အများကြီးနေသာသွားတာပါလား

ကဲ အခုတော့ ဗိုက်ပူပြီး ချက်ပြုတ်ဝတ်တဲ့လူတွေကို နားလည်လာပေမဲ့
ထိုင်လိုက် ကုန်းလိုက်ရင် ခါးပေါ်မှာစိုးလို့
ခါးရှည်တဲ့ အင်္ကျီကိုရွေးဝတ်နေရဆဲပါ။

ခါးတိုတိုနဲ့ ချက်ပြုတ်ဝတ်တဲ့လူတွေကို နားလည်လာမဲ့နေ့
ဘယ်တော့လဲဆိုတာ
ကျွန်မ အခု မပြောနိုင်သေးပါကြောင်း

2 comments:

  1. ဟုတ်ပ တူတူဘဲ ချက်ပြုတ်ဝတ်တဲ့သူတွေ့ရင် ဆွဲချွတ်ချင်စိတ်ပေါက်တယ်
    ဟိဟိ

    ReplyDelete
  2. ဝေ... နှင်းဆီ ချစ်သူ ရှေ့မှာ အနေအထိုင် ဆင်ခြင်မှပါပဲ...မတော် ဆွဲချွတ်နေမှ အခတ်...။

    မမ ရေ...နောင့် လဲ ခုတော့ နားလည်ပြီး ဗိုက်ပူခြင်း ဒုက္ခကို..တော်တော်လေးကို နားလည်လာတာပါ...ခု ဥပုသ်မစောင့်ပဲ ညစာ မစားပဲ နေနေရတယ်...။

    ခါးတိုတိုနဲ့ ချက်ပြုတ်ဝတ်တဲ့လူတွေက ... သူတို့ရဲ့ ပူနေ့တဲ့ အဲ့လေ ချပ်နေတဲ့ ဗိုက်သားလေးတွေကို ပြချင်လို့ပါ..။ မမ နားလည်လာမယ့်နေ့ကတော့...ကိုယ့်ထမီ ကိုယ်မနိုင်တဲ့ နေ့မှပဲ ဖြစ်မယ်ထင်ပါ့... ဟီးဟီး...( စတာ)

    ReplyDelete