Friday, September 11, 2009

နောင့်နောင့်

ကျွန်မဘ၀မှာ ကံကောင်းတာတစ်ခုရှိပါတယ်။
လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ တွေ့ခဲ့ရတာပါ။

ကျွန်မအကျင့်က အခြားလူတစ်ယောက်လုပ်တာ ကောင်းတယ်လို့ထင်ရင် အတုယူတတ်တာပါ။
ကျောင်းနေတုန်းက ကျွန်မ မြန်မာစာလက်ရေးက ဖတ်ရရုံပါ။
ဒုတိယနှစ် ကျုရှင်တက်တော့ ဆရာ ဦးဝင့်ကျော်ရဲ့လက်ရေးလှတာကိုကြည့်ရင်း
နောက်ပိုင်းမှာ ကျွန်မလက်ရေးကောင်းတာကို သတိထားမိပါတယ်။
ကွန်ပြူတာသုံးပြီး နှစ်အတော်ကြာလာချိန်မှာတော့ လက်ရေးတွေက မူလအတိုင်း ပဲတီပင်ပေါက်ပြန်ဖြစ်ပြီး
ချရေးရမှာ ပျင်းတတ်လာတာ စက်ရဲ့ ကျေးကျွန်ဖြစ်မှန်းမသိ ဖြစ်လာတာပါ။

ကိုယ့်အထက်လူဆီက ပညာယူရတာ သဘာဝမို့မထူးဆန်းပေမဲ့
ကိုယ့်ထက် အသက် ရာထူး ငယ်တဲ့လူတွေဆီကလည်း ပညာရခဲ့တာတွေ အများကြီးပါ။

ကောင်းတဲ့ပညာတွေက ပိုများတာမို့ ကံကောင်းတယ်လို့ပြောနိုင်ခဲ့တာပါ။

အထက်လူကြီးတွေကိုပြန်ပြီး Manage လုပ်ရတာခက်သလို
ကိုယ်နဲ့တွဲလုပ်ရတဲ့လူတွေကိုလည်း ကျွန်မအမြဲစောင့်ကြည့်တတ်ပါတယ်။
သူတို့ရဲ့အားနည်းချက် အားသာချက်တွေသိရရင် လုပ်ရတာ ပိုပြီးအဆင်ပြေလို့ပါဘဲ။
Self Motivatin ရှိလား
Confidence ရှိလား
Social Skill
လား
လား
ပေါ့

အမှတ်ရစရာတွေထဲက တစ်ယောက်အကြောင်းကိုပြောရရင်

လွန်ခဲ့တဲ့ 3နှစ်လောက်က ကျွန်မအလုပ်ကို အသစ်တစ်ယောက်ဝင်လာပါတယ်။
လူတစ်ယောက် အသစ်ဝင်လာရင် ထုံးစံအတိုင်း အဟောင်းတွေနဲ့မိတ်ဆက်ပေး
ကျွန်မဌာနရဲ့တာဝန်နဲ့စည်းကမ်းတွေကိုပြောပြ
အခြားသူတွေ တစ်ဦးချင်းစီရဲ့အလုပ်တွေကိုပြော
သူလုပ်ရမဲ့အလုပ်တာဝန်တွေကိုပြောနဲ့
မောလို့ ရပ်လိုက်ချိန်မှာတော့

အသစ်ဝင်လာတဲ့ညီမလေးက တခွန်းပြန်မေးပါတယ်

မန်နေဂျာကျွန်မကို အစ်မကရော ဘာလုပ်လဲတဲ့

ဌာနတစ်ခုရဲ့မန်နေဂျာဟာ ဌာနတာဝန်၊၀န်ထမ်းအားလုံး
တာဝန်ခံလို့ထင်ထားတာကိုး

အရင်ဝင်လာတဲ့လူတွေတုန်းကလဲတခါမှ အမေးမခံရဘူးတော့

သူမေးလိုက်မှ နည်းနည်းကြောင်သွားတာရော
စတွေ့တွေ့ချင်း မရစ်ချင်တာကြောင့်
စိတ်ကို အသာလျော့လိုက်ပြီးမှ

ငါ့အလုပ်က နင်တို့အားလုံးကို စေ့စေ့ထိုင်ကြည့်တာလေလို့ပြန်ဖြေလိုက်ပါတယ်။

သူ့ဆီကရလိုက်တာကတော့ ကိုယ်သိချင်တာရှိရင် ကြောက်စိတ်ကို
ဘေးဖယ်ပြီး ပွင့်ပွင့်လင်းလင်းမေးလိုက်ဘို့ပါဘဲ။

တချိန်တည်းမှာဘဲ သူက နောက်ပိုင်းမှာ ငါဆရာပြန်ခေါ်လောက်တဲ့သူ ဖြစ်လာမယ်ဆိုတာ
သိလိုက်ပါတယ်။

အဲဒီတစ်ယောက်ကတော့ နောင့်နောင့် (ခေါ်) နန်းမေဇင်အေးပါတဲ့။

6 comments:

  1. ဟီးဟီး.... အဲ့ဒါ နောင့် လား... Sorry ပါ မမ ရေ...။ အဲ့ဒိလို မေးခွန်းကို မမ လို မန်နေဂျာမျိုးကို မေးမိတဲ့ နောင့် က ကံကောင်းခဲ့တာပါ..(တော်သေးတယ် မရစ်တာ) ။ တောသားရဲ ဆွဲထုတ်ဆိုတာ နောင့် လိုလူမျိုးလို့... ရန်ကုန်က အဆောင်မှုးက ပြောခဲ့သလို နောင့် အကြောက်အလန့် မရှိခဲ့တာများ... လူတစ်ချို့က အရိုင်းအဆိုင်းလေး လို့ သတ်မှတ်ခံရတဲ့ အထိပါပဲ..။

    ဒါပေမယ့် မမ တို့လို နားလည်မှုအပြည့်နဲ့ စိတ်သဘောထားပြည့်ဝတဲ့ အထက်လူကြီးမျိုးကို တွေ့ရတော့... ကောင်းတဲ့ဘတ်မှာ အသုံးချတတ်သွားဖို့ နားလည်ခဲ့ပါတယ်..။

    အရာရာမှာ ကျေးဇူးတင်စရာတွေကြီးပဲမို့... တစ်နေ့မှာတော့ ဒီကျေးဇူးတွေ ပြန်ဆပ်ခွင့် ရချင်ပါသေးတယ် ။ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး..။ တစ်နေ့ပေါ့...အစ်မ ရဲ့ တပည့်ပဲ အမြဲ ဖြစ်ချင်တာပါ...။း)

    ReplyDelete
  2. ဟုတ်တယ်နောင့် ကတကယ့်ဆ၇ာပဲ။ သူ့လို မကြောက်တတ်သူဖြစ်ချင်တယ်။

    ReplyDelete
  3. ယုံတယ်မမရေ အပြည့်အဝ ယုံပါတယ်
    ၂၀၀ ရာခိုင်နှုန်းထောက်ခံပါတယ်
    ဟိဟိ
    သူမသိစေနဲ့

    ReplyDelete
  4. နောင့်နောင့်

    ReplyDelete
  5. နောင့်နောင့်

    ReplyDelete
  6. နောင့်နောင့်

    ReplyDelete