Sunday, September 13, 2009

မခင်ဦးမေ

ကျွန်မရွာပြန်မယ်လို့ ဆုံးဖြတ်ပြီး ချိန်မှာ မခင်ဦးမေရဲ့ yangong at a glance
ကိုဖတ်လိုက်ရပါတယ်။

အဓိက အစားအသောက်နဲ့ အိမ်သာ အခက်အခဲကို ရေးသွားတာပါ။

မြန်မာပြည်မှာတုန်းက ကျွန်မလည်း အိမ်သာ ကိစ္စအတွက် ဒုက္ခရောက်ပေါင်းများစွာ
ရောက်ခဲ့ပါတယ်။
အရှက်ကွဲပေါင်းလည်း များခဲ့ပါတယ်။
ပထမဦးဆုံးအမှတ်မိတာက ကျွန်မ သမိုင်းဝန်း ကံကော်ဆောင်မှာ နေစဉ်ကပါ။
ကျွန်မအိမ်က ပဲခူးမှာမို့ ပဲခူးကအပြန်ကားစီးလာတုန်း မိုးကလည်းရွာနေတော့
အပေါ့သွားချင်စိတ်ဖြစ်လာတာ လမ်းမှာလဲကားတွေက ရပ်လေ့မရှိတာရော
အသက်ခပ်ငယ်ငယ်မို့ ပေါက်တောပါတယ် အော်ရမှာ ရှက်တာရော
အတင်းအောင့်လာခဲ့ပါတယ်။
RC 2 ကွေ့မှာလဲဆင်းရော မိုးတွေကလည်းရွာနေ
ပိတ်ရက် တနင်္ဂနွေမို့လူပြတ်တာရော ပေါင်းပြီး ကျွန်မ မထိန်းနိုင်တော့ဘဲ
မိုးရေနဲ့ ရောချလိုက်ပါတော့တယ်။
အဆောင်ရှေ့လဲရောက်ရော အဆောင်ပေါ်မတက်နိုင်ဘဲ
ကဲ သူငယ်ချင်းတို့ရော ငါ့ကို ထမီတထည်နဲ့ ဆပ်ပြာခွက်ရေခွက်သာ ယူလာပေးပါတော့လို့
အော်ခဲ့ရပါတယ်။

နောက်တခါကတော့ ပုဂံဘုရားဖူးသွားတာပါ။
အဲဒီတုန်းက ကိုယ့်အုပ်စုလေးနဲ့ကိုယ် ကားငှားသွားပေမဲ့
ပုဂံနဲ့ ပုပါး ကြားမှာ ၀ိတ်လျော့ချင်လာတာနဲ့ နေရိပ်တဲ့ ထန်းပင်အောက်မှာ ကားရပ်ပြီး
အပြိုင်အဆိုင် ကြဲကြတာပေါ့။ သွားတာကလဲ ကားသမားကလွဲရင် မိန်းခလေးတွေမို့
သိပ်ဂရုမစိုက်ဘူးပေါ့။
ဒါပေမဲ့ ကိစ္စပြီးလို့ ထန်းပင်ပေါ်မော့ကြည့်လိုက်မှ အပင်ပေါ်မှာ ထန်းတက်သမားရှိနေလေရဲ့
ဒါက တမျိုး

နောက်တခါက ကုန်သည်လမ်းပေါ်က မြန်မာ့အာမခံလုပ်ငန်းကို သွားတာ
ဝိတ်လျော့ချင်ပြန်ရော
ဒါက ရုံးဆိုတော့ ကိစ္စမရှိဘူးလေ
ဒါပေမဲ့ ကိစ္စရှိလာတာပါဘဲ။
ကျွန်မ၀င်တဲ့ အိမ်သာချက်က ပြန်ဖွင့်မရလို့ နည်းနည်းကြာနေတုန်း
အတူသွားတဲ့ ညီမလေးက ဘာဖြစ်လဲလို့ အပြင်က လာမေးမှ
ငါ့ကို ကော်စရာ တစ်ခုခုသာ သွားရှာခဲ့ပါလို့ ခိုင်းလိုက်ရတယ်။
နောက်ဆုံး ၀န်ထမ်းတစ်ဦးရဲ့ ထမင်းစားဇွန်းကို ငှားပြီး ဂလန့်ကို ဖွင့်ခဲ့ရပါတော့တယ်။
အခြားဝန်ထမ်းတွေကလည်း ဘာဖြစ်တာတုန်းလို့ လာမေးကြလို့
လိုတာထက်ပို ကျယ်ပြန့်ကုန်ပါတော့တယ်။

ရန်ကုန်မြို့ထဲမှာ အရင်တုန်းက ၀ိတ်လျော့ချင်ရင် ဆူးလေဘုရားကိုပြေးခဲ့ရပြီး
sukura ဆောက်ပြီးမှ အဲဒီမှာ သူငယ်ချင်းတစ်ယောက် အလုပ်လုပ်နေတာမို့
သူ့ဆီကို ကြုံတိုင်း ၀င်ခဲ့ရပါတော့တယ်။

ကျွန်မက အပြင်စာကို ကြေးအိုးလောက်သာ သောက်တတ်တာမို့
ဝမ်းလျောတာနည်းပါတယ်။

အဲဒီလို အစားအသောက်နဲ့ အိမ်သာ အခက်အခဲဆိုတဲ့

အကြောင်းပြချက်ကလေးနဲ့တော့

ကျွန်မချစ်ခင်တဲ့ မြေကို ပြန်မဲ့စိတ်ကူးကိုတော့

ဘယ်လိုမှ မဖျက်နိုင်ကြောင်းပါ။

2 comments:

  1. စင်ဒရဲလားပြောလို့ လာဖတ်သွားပါတယ်။

    အခုတော့ဆာကူရာကဝန်ထမ်းများအတွက်သာ လို့ရေးထားပါတယ်။


    ဘာဘဲဖြစ်ဖြစ် ချစ်တာပါဘဲ။ ပြန်မှာပါဘဲ။ဒါက အသေးအဖွဲပါ။

    ReplyDelete
  2. မမရေ.......... မခင်ဦးမေ ကပြောတယ်...ချစ်တာပါပဲ ၊ ပြန်မှာပါပဲတဲ့... ဟုတ်ပ...အဲ့ဒီလောက် အခတ်အခဲမှာနော်...။ မပြောပလောက်ပါဘူး... ဒီမှာရနေတဲ့ အခွင့်အရေးတွေထဲက တစ်ခုပဲရ.... နောင့် ကတော့ ပြန်မှာပါပဲ...အဲ့ဒီ အခွင့်အရေးကတော့...(လစာ)

    ReplyDelete