Wednesday, September 23, 2009

Ease.....Dis-Ease......Disease

ပြီးခဲ့တဲ့ အပတ်က မြန်မာအင်ဂျင်နီယာတစ်ယောက် (၈)ထပ်တိုက်ပေါ်က
ခုန်ချတဲ့သတင်းတစ်ခု သူငယ်ချင်းဆီက ကြားလိုက်ရပါတယ်။
stress တွေများလာ လူတွေကိုရှောင်
နောက်ဆုံးအလုပ်ထွက်ရတဲ့အနေအထားကို
ရောက်ပြီး သူငယ်ချင်းတွေက ပြန်ဘို့ လေဆိပ်ကိုအပို့
ပစ္စည်းတွေအကုန်ကားပေါ်ရောက်ပြီးမှ
ခဏပြန်တက်လိုက်ဦးမယ်ဆိုပြီး တက်သွားပြီးမှ ခုန်ချတာတဲ့။
ကြားရတာ စိတ်ထဲမှာ တော်တော်လေး နင့်သွားပါတယ်။

ကျွန်မတို့ မြန်မာတွေ အခုနောက်ပိုင်းနှစ်တွေမှာ Oversea ထွက်လုပ်ကြတာ
Fashion တစ်ခုလိုဖြစ်လာပါတယ်။
အဆိုတော် အရိုး ရဲ့ လူလည်အာရှသား သီချင်းလေးကို ဒီမှာ မကြာခဏ နားထောင်ဖြစ်ပါတယ်။
သား လေယာဉ်ပျံကြီးနဲ့ ဖောရင်းသွားတာကို အမျိုးနဲရပ်ကွက်ကို ပတ်ကြွားဘို့အမေကို မှာခဲတယ်တဲ့။
နောက်ကြိုက်တဲ့ စကားလုံးတွဲလေးက
မဟာလူတန်းစားအိမ်မက်များ၊
ဘ၀ဆိုးထဲမှာပျော်အောင်သာနေကြ.........တဲ့

အိမ်မက်လို့ထင်ချင်အောင်လဲ ဒီမှာက အားလုံးအဆင်ပြေအောင်
စီစဉ်ထားတာကို: ငွေရှိရင်ပေါ့
ငွေရှာရတာလေးတစ်ခုသာ မလွယ်တာလေ ကျန်တာ အားလုံး Ease

ကျွန်မတို့ပတ်ဝန်းမှာလဲ အတူတူပါဘဲ
သားကတော့ သမီးကတော့ ဘယ်နိုင်ငံမှာလေ လို့ပြောကြတာ
ဂုဏ်တစ်ခုလို့ထင်နေတတ်ကြပြန်ပါတယ်။
ကိုယ်သားသမီးတွေက အခြားနိုင်ငံမှာ ဘာတွေလုပ်နေရတယ်ဆိုတာ
သူတို့မသိပါဘူး။

သေချာပြန်စဉ်းစားကြည့်တော့
နိုင်ငံအတွင်းမှာ အလုပ်အကိုင်ရှားပါးမှုနဲ့ စားဝတ်နေရေးအတွက်
ထွက်ပေါက်ရလိုရငြားအခြားနိုင်ငံတွေကို ထွက်လာကြရတာပါ။
ဒါပေမဲ့ ထွက်လာတဲ့လူအများစုက Dis-ease နဲ့အရင်တွေ့ကြရတာပါ။
ဘယ်လောက် အဆင်ချောပါတယ်ပြောပေမဲ့
အနည်းနဲ့အများတွေ့ကြုံကြရသူတွေချည်းပါဘဲ
နောက်ပိုင်းမှ Ease ဘက်ရောက်သွားသူတွေနဲ့
Disease ဘက်ရောက်သွားသူတွေဆိုပြီး
နှစ်ပိုင်းကွဲသွားပါတယ်။

အခုလို အင်ဂျင်နီယာ ပညာတတ်တစ်ယောက်က
ခုန်ချလောက်အောင် Disease ဘက်ရောက်သွားရတာ
ဘယ်လောက်များ ၀မ်းနည်းစရာကောင်းပါသလဲ

ဒါပေမဲ့ မြန်မာပြည်တွင်းမှာ Ease ကိုမျှော်ပြီး
Dis-ease ကို ရင်ဆိုင်ဘို့
Disease ကို ခံနိုင်ရည်ရှိဘို့
အပြင်းအထန်ကျိုးစားနေတဲ့သူတွေ အများကြီးဆိုတာ
..........................................

6 comments:

  1. စိတ်မကောင်းစရာပါလား

    ReplyDelete
  2. ဟုတ်တယ်...။ စိတ်မကောင်းစရာပါပဲ...။ အချိန်တန်ရင်တော့ အိမ်ပြန်မှာပါ အစ်မရယ်...။

    ReplyDelete
  3. ဟူးးးးးးးး
    ဟုတ်တယ် မမရေ
    ဒီမိဝေးဘဝေး ဘဝကို ရဖို့ ဘယ်လောက်ကြိုးစားခဲ့ရတယ်
    ဘယ်လောက်ပင်ပန်းခဲ့ရတယ် ဆိုတာ ကိုယ်တိုင်သာအသိဆုံးဘဲလေ
    အချိန်တန် အိမ်ပြန်ချင်တယ် မမရယ်

    ReplyDelete
  4. ကျန်ခဲ့မဲ့မိဘဆွေမျိုးတွေကိုပိုသနားတယ်...

    ReplyDelete
  5. မပဲခူးသူရေ..
    မမြင်တာကြာလို့.. ရွာပြန်သွားပြီလား...
    အချိန်ရရင် စာလေးဘာလေးရေးပါဦး..။

    ReplyDelete
  6. ဘုရားရေ... အဲလိုကြီးလား...
    ကြောက်လိုက်တာ...

    ReplyDelete