Tuesday, July 7, 2009

အမြင်မတူသူများ

အလုပ်မှာ တရုတ်မလေးတစ်ယောက် အသစ်ဝင်လာပြီး ကျွန်မနဲ့မျက်နှာချင်းဆိုင်စားပွဲမှာ ထိုင်ရပါတယ်။ သူ့အသက်က ကျွန်မရဲ့ တ၀က်လောက်ရှိပါတယ်။ မိတ်ဆက်စကားပြောပြီးပြီးချင်းမေးတဲ့ မေးခွန်းက အလုပ်ကို ဘယ်လိုအဆက်အသွယ်နဲ့ ၀င်လာခဲ့ပါလဲတဲ့။ င့ါသူငယ်ချင်းက အရင်ဒီနေရာမှာ လုပ်တာ သူထွက်မှာမို့ ငါ့ကို ဒီအလုပ်နဲ့ မိတ်ဆက်ပေးပြီးဝင်လာတာလို့ ဖြေလိုက်ပါတယ်။ အေးဂျင့်ခဘယ်လောက်ပေးရလဲတဲ့။ ပထမတော့ ကျွန်မကြောင်သွားပါတယ်။ နောက်မှ သူက ငါ့သူငယ်ချင်းလေလို့ ငါတို့လူမျိုးမှာပေးစရာမလိုဘူးလို့ပြန်ဖြေတော့ အံသြတဲ့မျက်နှာနဲ့ကြောင်ကြည့်နေပါတယ်။ သူက အလုပ်သမားအေးဂျင့်ကတဆင့် ၀င်လာတဲ့အကြောင်းပြော ပေမဲ့ အေးဂျင့်ခတော့ ဘယ်လောက်လဲလို့ ကျွန်မ မမေးချင်တာနဲ့ မမေးဖြစ်ခဲ့ပါဘူး။ နောက်တခါ ကျွန်မ သူငယ်ချင်းတစ်ယောက် ကားတိုက်ခံရတယ်လို့ ဖုံးရတော့ ကျွန်မလည်းရုံးရောက်ရောက်ချင်းမနေနိုင်လို့ သူ့ကိုပြောမိပါတယ်။ ပြန်မေးတဲ့မေးခွန်းက အလျော်ဘယ်လောက်ရသလဲတဲ့။ ကျွန်မတို့လူမျိုးဆိုရင်တော့ ဘာဖြစ်သွားလဲ။ ဆေးခန်းပြပြီးပြီလား။ ဆိုတဲ့မေးခွန်းတွေဘဲလာမှာလို့ မျှော်လင့်ထားတဲ့ကျွန်မ ချက်ချင်းပြန် မပြောနိုင်တော့ပါဘူး။ အတိုက်ခံရတဲ့သူငယ်ချင်းကလည်း အလျော်တောင်းဘို့နေနေသာသာ ရှက်ပြီးထပြေး လာလို့ မျက်မှန်၊ထမင်းချိုင့်တွေ တိုက်တဲ့နေရာမှာ ကျန်ခဲ့ပါတယ်။ ကျွန်မပြောချင်တာက နေရာဒေသမတူတဲ့ နေရာကနေ လာပြီး အလုပ်အတူလုပ်ကြရတဲ့ လုပ်ငန်းခွင်မှာ အခြေခံအမြင်ကလေးတွေ တော်တော်ကွာကြတာ ကြောင့် ပျော်စရာမကောင်းဘဲ အေးစက်တိတ်ဆိတ်နေခဲ့တာလေးပါ။

3 comments:

  1. မှန်လိုက်လေနော်...တော်ပါသေးတယ်။ အွန်လိုင်းလေး ကနေ မြန်မာမောင်နှမ များနဲ့ တွေ့ခွင့် စကားပြောခွင့် ရနေသေးတာ....။

    ReplyDelete
  2. ဟုတ်ပါတယ် မြန်မာတွေနဲ့ နိုင်ငံခြားကလူတွေနဲ့ အတွေးအမြင်ကွဲကြပါတယ် တခါက ရုံးပိတ်ရက်မှာဘာလုပ်မှာလဲမေးတော့အပြင်မသွားဘူးလားမေးတော့ ကိုယ်နဲ့နောက်တစ်ယောက်အမကလဲပြောတယ် ဘယ်မှသွားဘူး အိမ်မှာပဲအိပ်မှာ လို့ပြောတော့ ဘယ်သူနဲ့အိပ်မှာလဲတဲ့ ရှင်းပြလိုက်ရတာ နောက်တော့သူတို့တွေနားလည်သွားတယ် အနားယူမှာ ဘယ်မှမသွားဘူးဆိုတာကို အဲတော့မှကိုယ်လည်းသက်ပြင်းချနိုင်တယ် ..တခြားဟာတွေလည်းအများကြီးပါ ကိုယ်ပဲအင်္ဂလိပ်စာညံ့လို့သူတို့နားမလည်တာမဟုတ်ပါဘူး သူတို့ထင်လိုက်တာကိုကလွဲနေတာပါ

    ReplyDelete
  3. ကြီးပြင်းကြပုံကွဲလို့ အဖြစ်အပျက်တခုကို ကြည့်ပုံမြင်ပုံ ကွဲပြားကြပုံပေါ်ပါတယ်။
    မအယ်

    ReplyDelete