ဘုရင်နောင်မင်းတရားကြီး ထီးနန်းစိုက်တဲ့မြို့ ကနေ လာတာမို့ တို့က ရာဇ အိနြေ္ဒပျက်လို့ မဖြစ်ဘူးလို့ အမြဲပြောနေဖြစ်ခဲ့တယ်။ အဲဒီမြို့ကလေးကို သဘောကျပေမဲ့ အဝေးကဘဲ သတိရနေရတယ်။
အဲဒီမြို့ကလေးမှာ ရွှေမောဓေါဘုရားရှိတယ်။
မစိန် ကြေးအိုးဆိုင် ရှိတယ်။
ဒေါ်ကြင်လှိုင် အသုပ်ဆိုင် ရှိတယ်။
မမကြီး အအေးဆိုင် ရှိတယ်။
ရွှေနှင်းဆီ ရေခဲမုန်ဆိုင် ရှိတယ်။
အင်ကြင်း လဘက်ရည်ဆိုင် ရှိတယ်။
မိသားစု ထမင်းဆိုင် ရှိတယ်။
(33)လမ်းက မုန့်ဟင်းခါးနဲ့ အုန်းနို့ခေါက်ဆွဲဆိုင် ရှိတယ်။
မာလာဦး ဘူးသီးကြော်ဆိုင် ရှိတယ်။
သဇင် စာအုပ်ဆိုင် ရှိတယ်။
စလွန်း အကြော်သုပ်ဆိုင် ရှိတယ်။
သွန်းဘုရားနားမှာ ဖက်ထုပ်ပြုတ်ဆိုင် ရှိတယ်။
ချစ်ခင်တဲ့ လူတွေ ရှိတယ်။
စက်ဘီးတစ်စီးရှိရင် လိုရာရောက်နိုင်တဲ့ မြို့ဖြစ်တယ်။
မိုးတွင်းမှာ ငါးနဲ့ပုဇွန်ပေါတယ်။
ငယ်ငယ်တုန်းက အမေချက်တဲ့ ဟင်းတွေကို သတိရတယ်။
ငါးရံခေါင်းဟင်းချက်တဲ့နေ့ဆိုရင် အရိုးပုံကြီးက ဟီးထနေတယ်။
ပုဇွန်းငါးပေါင်းကြော်ကြော်စားကြတယ်။ မန်ကျီးသီး အချဉ်ရည်နဲ့ပေါ့။
ပုဇွန် ငါးဆုပ်၊ငါးခူ ငါးဆုပ် ချဉ်ဟင်းတွေကလည်း အတော် စားကောင်းခဲ့တယ်။
ငါးသလဲတိုး၊ ငါးသံချိတ် အိုးကပ်ဟင်းတွေကိုတော့ မမေ့ဘူး။
ဓညင်းသီးနုတာလေးတွေ ရေနွေးဖျောပြီးတို့ခဲ့တယ်။
တို့ညီအစ်မနှစ်ယောက် ကန်ဇွန်းရွက်ကြော်နဲ့ ငပိရည်နယ်စားကြတယ်။
တခါတလေ အာလူးပြုတ်၊ထောင်းပြီး အသားမပါဘဲ၊ကြက်ဥအကာလေးနဲ့ ကတ်တလိပ်လုပ်စားကြတယ်။
ထန်းလျက်ခဲနဲ့ ကော်ဖီကြမ်းဖျော်သောက်ကြတယ်။
အမေလခထုတ်တဲ့နေမှာ ဆီချက်ဆိုင်သွားစားကြတာ အပျော်ဆုံးဘဲ။
အခု ဆီချက်ကို နေ့တိုင်းစားနိုင်ပေမဲ့ စားမကောင်းတော့တဲ့အကြောင်း ပြန်ပြောရင်း ညီအစ်မနှစ်ယောက် ရီကြရတယ်။
သူငယ်ချင်းတစ်ယောက်က ပြောဘူးတယ်။ အိမ်မှာ ကိတ်မုန့်ကို ခွဲတမ်းနဲ့ အမြဲစားနေရတော့ သူပိုတ်ဆံရလာတဲ့နေ့မှာ တစ်ယောက်ထဲ တစ်လုံး ကုန်အောင် အိမ်ကလူတွေကို အသိမပေးဘဲ တိတ်တိတ်ကလေး စားဘူးတယ်တဲ့။
ဟုတ်မှာပါ။
တို့အမေလည်း အခုတော့ အသက်ကြီးပြီ ဟင်းမချက်နိုင်တော့ဘူး။
သမီးတွေကလည်း ငွေရှာနေရတာနဲ့အဝေးမှာ ချက်မကျွေးနိုင်သေးဘူး။
တနေ့တော့ တို့မြို့ကလေးကို ပြန်နိုင်မှာပါလို့ အားတင်းရင်း အသက်(40)ကျော်တဲ့အထိ မပြန်နိုင်သေးဘူး။
တကယ်ပြန်နိုင်တဲ့အရွယ်ရောက်ရင်ရော စက်ဘီးတစ်စီးနဲ့ ရွာရိုးပတ်နိုင်ပါတော့မလား။
ငယ်ငယ်တုန်းက ငွေနဲ့ချင့်ချိန်ပြီးစားခဲ့ရတဲ့ ကြိုက်ခဲ့ရတဲ့ အစားအစာတွေကိုရော ခံတွင်းကောင်းကောင်းနဲ့စားနိုင်ပါတော့မလား။
အခုတော့ သွားတွေလည်းမကောင်းတော့ပါ။
Tuesday, July 21, 2009
Subscribe to:
Post Comments (Atom)
ဟင့်... ငိုချင်သွားပြီ... အကုန်စားချင်တယ်.... ပြန်ချင်တယ်... ။ အစ်မ ရေးထားတာမှန်လိုက်တာ အစ်မရယ်
ReplyDeleteInn
ReplyDeletewhat is life? working n make money?
what is this proverb means?
"Someone who content is rich man"
just like i'm home again. want to eat it all. ဝေစားရတာအရသာအရှိဆုံးဆိုတာခုမှသိတယ် အစ်မ၊don't worry that i"ll carry you on bicycle when you need me.
ReplyDeleteအမရေးထားတာလေးကိုဖတ်ပြီး အရမ်းသတိရလို့ မျက်ရည်တောင်ကျမိတယ်။
ReplyDeleteဟုတ်တယ်နော်အမ။ သမီးတို့မြို့လေးက အရမ်းချစ်စရာ ကောင်းပြီးသာယာတယ်နော်။ သမီးအတွက်တော့ မနက်ပိုင်း မုန့်ဟင်းခါး နဲ့ ညနေပိုင်း ရွေမော်ဓောခြေရင်းက အကြော်ကို အရမ်းတမ်းတတာပေါ့အမရယ်...........
အရမ်းငိုချင်လာပြီ..........။ ဟင့် ဟင့် ဟင့်..........
ကျွန်တော်လဲ တော်တော်တောင်လွမ်းလာပြီ။ ဝေးနေတာတစ်နှစ်ကျော်ပြီ။
ReplyDeleteကျွန်တော်က တော့် ဘုရားပေါ်မှာ သူငယ်ချင်းတွေနဲ့ တူတူစကားတက်ပြောခဲ့
တဲ့ညတွေကို လွမ်းတယ်.....မွေးကတဲက မြို့ နဲ့ သုံးရက်ထက်ပိုမခွဲဘူးဘူး။
ဒါပေမယ့် ဆယ်တန်းအောင်ထဲက လွင့်လိုက်ရတဲ့ အလွင့်က ခုချိန်ထိ နှစ်ပတ်
ထက်ပိုပြီး အလည်မပြန်ရသေးဘူး။ ခုဆိုပိုဆိုး.....ဦးချစ်မုန်းဟင်းခါး စားချင်တယ်။ ဘောလုံးပွဲကြည့်ပြီး ညသန်းခေါင်ကျော်သွားစားကြတဲ့ ပန်းသေးခေါက်ဆွဲ ဆိုင်တွေကိုလဲ လွမ်းတယ်။ မာလာဦးဘူးသီးကြော်ကိုလဲ
လွမ်းတယ်။ အဲ့ဆိုင်က ကုလားမလေးနဲ့ ကျွန်တော်ကသူငယ်ချင်း :P