Friday, July 17, 2009

ပုဇွန်စားသူများ

ကျွန်မအထင်ပြောတာပါ စာရင်းကိုင်အများစုက ပိန်ပိန်လေးတွေပါတယ်။ သိသလောက်နော်။ ၀ တဲ့စာရင်းကိုင်များလည်းရှိပါတယ်။ အများစုက ပိန်နေတော့ ကျွန်မက အမြဲနောက်လေ့ရှိပါတယ်။ စာရင်းကိုင်တွေက ဂဏန်း စားပြီး ၀မ်းလျောလို့ ပိန်နေတာလို့။ စာရင်းကိုင် ၀ ၀ လေးတွေက ငါတို့က ဘာဖြစ်လို့ ၀ နေတာတုန်းလို့ ပြန်မေးလေ့ရှိပါတယ်။ နင်တို့က ဂဏန်းမစားဘဲ ပုဇွန်စားတဲ့ လူတွေလို့ကျွန်မက ပြန်နောက်လေ့ရှိပါတယ်။ စာရင်းကိုင်လောကမှာလဲ တကယ် ပုဇွန်စားတဲ့လူတွေအများကြီးတွေ့ခဲ့ဘူးပေမဲ့ ကျွန်မကတော့ စာရင်းကိုင်ပီပီ ဂဏန်းစားပြီး ပိန်တဲ့ဘ၀ကိုဘဲ နှစ်သက်မိပါတယ်။

1 comment:

  1. ဘာပြောတာလဲ ဟင်... ပုဇွန် စားတာက ဘာအဓိပ္ပါယ်ပါလိမ့်နော်... ဟိဟိ
    နောင့် က ဂဏန်း ရော ပုဇွန်ရော စားနေပြီလား မသိ...း)

    ReplyDelete